Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရမည်းသင်းမြို့မှ ​ရွေး​​ကောက်ပွဲရှုံးကြံ့ခိုင်ရေးအမတ်နေအိမ်ကို PDF က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ရမည်းသင်းPDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို အလျဥ်းသင့်လျှင်သင့်သလိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်နှင့် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

(ဇွန် ၄ ရက်က ရမည်းသင်းမြို့နယ်တွင် ပြည်ခိုင်ဖြို့နှင့် ဦး​ကျော်မြင့်တို့ဦး​ဆောင်၍ စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်​ထောက်ခံပွဲပြုလုပ်​နေမှု။ ။ဓါတ်ပုံ-CJ)
(ဇွန် ၄ ရက်က ရမည်းသင်းမြို့နယ်တွင် ပြည်ခိုင်ဖြို့နှင့် ဦး​ကျော်မြင့်တို့ဦး​ဆောင်၍ စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်​ထောက်ခံပွဲပြုလုပ်​နေမှု။ ။ဓါတ်ပုံ-CJ)

ရမည်းသင်းမြို့မှ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ၏ ၂၀၂၀ ​ရွေး​ကောက်ပွဲရှုံး အမတ်​လောင်း ဦ​​ကျော်မြင့်၏နေအိမ်ကို ယ​နေ့ည​နေတွင် ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရမည်းသင်း PDF (Y-PDF) ကထုတ်ပြန်သည်။

ယနေ့ည ၆ နာရီ ၅၀ ခန့်က ရမည်းသင်းမြို့အုန်းပင်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးအမတ်​လောင်း ဦးကျော်မြင့်၏နေအိမ်အား ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

“အိမ်ရှေ့အဝင်ပေါက် တံခါးမကြီးရှေ့ကို ကျတာ။ ထိခိုက်ပျက်စီးမှုကတော့ စုံစမ်းနေဆဲပါဗျ။ ထိတာက​​တော့ထိတယ် အနည်းအများပဲဗျ “ဟု Y-PDFမှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်၏ထောက်တိုင်တစ်ခုဖြစ်သောပြည်ခိုင်ဖြိုးပါတီကိုဦးဆောင်ပြီး စစ်ကောင်စီတပ်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ကြိုဆိုထောက်ခံပွဲကို ရမည်းသင်းမြို့၌ ဇွန် ၄ ရက်က ပြုလုပ်ခဲ့သည်။

“မြို့ထဲမှာ တပ်ထောက်ခံပွဲကိုဦးစီးလုပ်ကိုင်ပြီး ပြည်သူတွေကို စကစ မှိုင်းဆွဲအောင် လှုံ့ဆော်နေလို့ပါ”ဟုအထက်ပါ​တတော်လှန်ရေးရဲဘော်က ဦး​ကျော်မြင့်အားတိုက်ခိုက်သည့်အ​ကြောင်းရင်းကို ပြောသည်။

ရမည်းသင်းPDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို အလျဥ်းသင့်လျှင်သင့်သလိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်နှင့် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ရမည်းသင်းPDF သည် ဧပြီ ၁၃ ရက်ကလည်းစစ်ကောင်စီအလိုကျ ဟန်ပြသကြ်န်ကိုဦး​ဆောင် လုပ်ကိုင်ခဲ့​သော ထူးပန်းခြံပိုင်၏ ကိုယ်ပိုင်အထက်တန်း​ကျောင်းမှ ကားတစ်စီးကို သတိ့​ပေးသည့်အ​နေဖြင့်ဗုံး​ဖောက်ကွဲခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇူလိုင်လ ၁ရက်) မင်းကင်းမြို့နယ် တောင်လက်ဒေသ၌ အကြမ်းဖက်စစ်​​ကောင်စီတပ်ပါဝင်သော ပျူစောထီးပူးပေါင်းအဖွဲ့နှင့် MKPDF-2 တို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ PDF တပ်သားတစ်ဦးကျဆုံးပြီး စစ်အုပ်စုဘက်က ငါးဦးမိုင်းထိသေဆုံးသွားကြောင်း ထပ်မံအသိပေးသည်။

သတင်း

ယနေ့(ဇူလိုင် ၁ ရက်)က ဖယ်ခုံ​မြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင် ကုန်းတလျောက်တွင် စစ်ကောင်စီတပ်က မိုင်းအမြောက်အများ ထောင်ထားခဲ့သည်ဟု ဆို သည်။

သတင်း

မကွေတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့နှင့် ထိစပ်နေသော ဧရာဝတီတိုင်းမှ မြို့နယ်အချို့တွင် စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ရေး တစ်ရက်ထက်တစ်ရက် အရှိန်မြင့်လာနေသည်။

သတင်း

ရရှိလာ​သော ဘဏ္ဍာ​ငွေများကို လက်နက်၊ခဲယမ်းဝယ်ယူခြင်း၊ ပြည်သူလူထုအား ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခြင်းနှင့် စားနပ်ရိက္ခာအတွက် အဓိကထားပြီးသုံးစွဲလျက်ရှိကြောင်း ဖော်ပြ သည်။