Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်းတယမြို့တွင်ပျူနှင့်ပြည်သူ့စစ်ဖွဲ့ရန်ကြိုးစား​နေ​သောပြည်ခိုင်ဖြိုးအမတ်​လောင်းသုတ်သင်ခံရပြီး​​နောက်ပြည်ခိုင်ဖြိုးဥက္ကဌကိုစစ်တပ်ကလုံခြုံ​ရေးတိုး​ပေး

ဦးအာကာလင်းသည် ပင်းတယမြို့ ​ကြံ့ခိုင်ရေးပါတီဥက္ကဌဖြစ်သလို လက်ရှိတွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တာဝန်ယူထားသည်။ပင်းတယမြို့ အော်ယောရပ်ကွက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အိမ်ယာတွင်နေထိုင်ပြီးယင်းအိမ်ယာပတ်ဝန်းကျင်ကိုစစ်ကောင်စီက လုံခြုံရေးတိုးချထား​ပေးသည်ကိုတွေ့ရကြောင်းဒေသခံများကပြောသည်။

(ပင်တယမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအာကာလင်းနှင့်အာဏာသိမ်းစစ်​​ခေါင်​ဆောင်တို့အတူ​တွေ့ရစဥ်။)
(ပင်တယမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအာကာလင်းနှင့်အာဏာသိမ်းစစ်​​ခေါင်​ဆောင်တို့အတူ​တွေ့ရစဥ်။)

၂၀၂၀​​ရွေး​ကောက်ပွဲအနိုင်ရဒီချုပ်အမတ်၏​ဆွေးမျိုးများကိုစစ်တပ်ကဖမ်းဆီး

​​ပင်းတယတွင်ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသောပြည်​ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ၏​ရွေး​ကောက်ပွဲရှုံးအမတ်လောင်းသုတ်သင်ခံရပြီးနောက်ပင်းတယကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးအာကာလင်း၏လုံခြုံရေးကို စစ်ကောင်စီကတိုးမြှင့်လိုက်​ကြောင်း​ဒေသခံများက​ပြောသည်။

ထိုအပြင်စစ်​ကောင်စီတပ်က ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီမှ​ရွေး​ကောက်ခံအမတ်၏ ဆွေမျိုးများကိုလည်း အတင်းအဓမ္မဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

ဓနုဒေသတွင်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် ပြည်သူ့စစ်ဖွဲ့စည်းရန် ကြိုးစားနေသည့် ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီလွှတ်တော်အမတ်လောင်းဦးကျော်ငြိမ်းသည် ယမန်နေ့(ဇွန် ၁၈ရက်)နံနက်တွင် အမည်မသိသေနတ်သမားက​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်က ဦးအာကာလင်း၏လုံခြုံရေးကိုတိုးမြှင့်ထား​ကြောင်းဒေသခံများကပြောသည်။

“ဦးကျော်ငြိမ်းကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာဘယ်သူတွေလုပ်တယ်မသိရသေးဘူး။အခြားနယ်ကနေလာလုပ်တယ်လို့လည်းကြားတယ်။ တကယ်တော့ ဦးကျော်ငြိမ်းရော၊ဦးအာကာလင်းရောက စစ်ကောင်စီရဲ့ တကယ့် အမာခံတွေ။ အခု စစ်ကောင်စီကဦးအာကာလင်းကို တော်တော်လေး ကာကွယ်ပေးနေတာကို ကျွန်တော်တို့ မျက်မြင်တွေ့နေရတယ်” ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။

ဦးအာကာလင်းသည် ပင်းတယမြို့ ​ကြံ့ခိုင်ရေးပါတီဥက္ကဌဖြစ်သလို လက်ရှိတွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တာဝန်ယူထားသည်။ပင်းတယမြို့ အော်ယောရပ်ကွက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အိမ်ယာတွင်နေထိုင်ပြီးယင်းအိမ်ယာပတ်ဝန်းကျင်ကိုစစ်ကောင်စီက လုံခြုံရေးတိုးချထား​ပေးသည်ကိုတွေ့ရကြောင်းဒေသခံများကပြောသည်။

သုတ်သင်ခံရသည့်ဦးကျော်ငြိမ်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်နေရာ၌ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး ဒီချူပ်ပါတီအမတ်လောင်းကိုရှုံးနိမ့်ခဲ့သူဖြစ်သည်။ ဦးကျော်ငြိမ်းအသတ်ခံရပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းနိုင်၏ ဆွေမျိုး ၂၅ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ဦးထွန်းထွန်းနိုင်၏ ဆွေမျိုးများကို စစ်ကောင်စီက ဖမ်းဆီးခြင်းသည် ဦးအာကာလင်းက ခိုင်းစေခြင်းဟု ဒေသခံများကယူဆထားကြသည်။ကာယကံရှင်ဦးထွန်းထွန်းနိုင်ကိုယ်တိုင်ကလည်းဦးအာကာလင်းကို ဒေါသဖြစ်နေသည်။

“တီကောင့်(ဒီကောင်ကို ဓနုတိုင်းရင်းသားများက တီကောင်ဟု အသံထွက်ပြောလေ့ရှိသည်)ကျုပ်ကိုမဖမ်းနိုင်တာနဲ့ပေါ့။ကျုပ်ဆွေမျိုးတွေကို မဆီမဆိုင် ဖမ်းခေါ်စစ်တာ။မင်းလည်းတကောင်ကြွက်မဟုတ်ပါဘူးငနဲရာ” ဟု ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်တွင်ဦးအာကာလင်းဓာတ်ပုံနှင့်အတူယနေ့(ဇွန်လ ၁၉ရက်)ရေးသားထားသည်။

ဦးထွန်းထွန်းနိုင်သည် အကြမ်းဖက်ပုဒ်မအပါအဝင် ပုဒ်မများစွာဖြင့် အမှုဖွင့်ခံထားရ၍ တိမ်းရှောင်နေရသည်။ ဦးထွန်းထွန်းနိုင်၏ ဆွေမျိုးများအား ဖမ်းဆီးစစ်ဆေးနေခြင်းသည် ဦးအာကာလင်းက ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် စစ်ကောင်စီကို ခိုင်းစေနေခြင်းဟု ဒေသခံများကသုံးသပ်နေကြသည်။

ဖမ်းဆီးခံရသော ပြည်သူများထဲတွင် သက်ကြီးရွယ်အိုများလည်းပါရှိပြီး ၎င်းတို့အားလုံးသည် PDFများနှင့်လုံးဝပတ်သက်ဆက်စပ်မူ့မရှိဘဲရွာ၌အေးဆေးစွာလုပ်ကိုင်စားသောက်နေကြသောသူများဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သော Voice of Pindayaက ရေးသားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ရွာသားများသည် ပစ်ခတ်သံများ၊ လက်နက်ကြီးကျည်ပစ်သံများကို နေ့စဉ်ကြားခဲ့ရပြီး ၎င်းတို့၏ နေအိမ်များ မီးတင်ရှို့ခံရသည်ကို အကူအညီမဲ့စွာ ကြည့်ရှုနေခဲ့ရကြောင်း Free Burma Rangers အဖွဲ့ ထုတ်ပြန်သည်။

သတင်း

ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့​ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။

သတင်း

"ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ"ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။

သတင်း

ယနေ့ (ဇွန်လ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က မုံရွာမြို့၊ အလုံ စွယ်တော်ဦးစားသောက်ဆိုင်တွင် မူးယစ် သောက်စားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဇီးကွက်စစ်ဆင်ရေးအနေဖြင့် မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။