Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲဝင်နေသည့် ရဲဘော်များကိုယ်တိုင်ဖန်တီးထားသော ကဗျာဖတ်ရင်းလှူနိုင်မည့် နွေဦးကဗျာ Application မိတ်ဆက်

နွေဦးကဗျာ Appထဲတွင် တော်လှန်ရေးရဲဘော်များကိုယ်တိုင် ရေးသားထားသည့် ရင်တွင်းကဗျာများလည်း ပါဝင်ကြောင်း ရဲဘော်များက ပြောသည်။

နွေဦးကဗျာ Application
နွေဦးကဗျာ Application

လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ရဲဘော်များကိုယ်တိုင် ဖန်တီးထားသော ကဗျာဖတ်ရင်းလှူနိုင်မည့် နွေဦးကဗျာ Application အား မိတ်ဆက်လိုက်သည်။

ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)လက်အောက်ရှိ DawNa တပ်စုဝင် ရဲဘော်များကိုယ်တိုင် ရန်ပုံငွေရှာရန် ဖန်တီးထားခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဘက်က တပ်ဖွဲ့များကို တတ်အားသရွေ့ထောက်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း Application စီစဥ်သူ ရဲဘော်များက ပြောသည်။

နွေဦးကဗျာ Appထဲတွင် တော်လှန်ရေးရဲဘော်များကိုယ်တိုင် ရေးသားထားသည့် ရင်တွင်းကဗျာများလည်း ပါဝင်ကြောင်း ရဲဘော်များက ပြောသည်။

“ခေတ်ပေါ် ခေတ်ပြိုင်ကဗျာဆရာတွေရဲ့ ကဗျာတွေကို အထပ်ထပ်အခါခါ နားထောင်လို့ရနိုင်မယ့် Audio ပုံစံဖြင့် အသက်သွင်းထားပြီး ကဗျာတပုဒ်နားထောင်မယ်ကြံတိုင်း ပေါ်လာတဲ့ ကြော်ငြာတွေကို ကြည့်ပေးရင်းနဲ့ ဝင်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ Audio တွေကို auto မသွားဘဲတစ်ပုဒ်ပြီး တစ်ပုဒ်နှိပ်ပေးနေမှ ADတက်မှာဖြစ်ပြီး ဝင်ငွေပိုရရှိမှာဖြစ်ပါတယ်။ “ဟု Application စီစဥ်သူ ရဲဘော်တစ်ဦးက ပြောသည်။

ကနဦးအနေဖြင့် Android ဖုန်းများတွင် စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

App ဒေါင်းလုပ်ခ်လုပ်ရန် Link
https://play.google.com/store/apps/details…

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

MNDAA၏ အထူးဒေသ(၁) မန်ကာရွာအနီး၌ ဇွန်လ ၃၀ရက် မွန်းလွဲပိုင်း၌ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

သတင်း

မနေ့ ဇူလိုင် ၁ ရက် မနက် ၁၁ နာရီခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က တပ်ဖွဲ့ဝင်တွေဟာ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာမှာ မိုင်းထောင် ကင်းပတ်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ ကားငယ်တစ်စီးနယ်ကျွံဝင်လာတဲ့အတွက် မိနစ်(၂၀)ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

MNDAA တပ်ဖွဲ့ဝင် တစ်ဦးကလည်း မူဆယ်မြို့နယ် တိုက်ပွဲဖြစ်ရပ်အပေါ် ၎င်းအနေဖြင့် မသိထားဟု ဖြေကြားသည်။ သို့ရာတွင် ဇွန်လ ၂၆ရက်က မူဆယ် နမ့်တောင်းရွာအနီးနှင့် ဇွန်လ ၃၀ရက်တွင် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်ကို MNDAAက တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကိုမူ သိရှိထားကြော်း ပြောသည်။

သတင်း

စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း တိုက်ပွဲများ၌ ​လေကြောင်းတိုက်ခိုက်မှု ၁၃၇ကြိမ်ပြုလုပ်ခဲ့ကာ ဘာသာရေးအဆောက်အဦး ၂၂လုံးပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြသည်။