Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်-မုံရွာကားလမ်းတွင်ပြည်သူများသွားလာခြင်းမပြုရန်သတိ​ပေး

ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် နံနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု အရာတော်ပို့စ်က ရေးသားထားသည်။

အရာတော်-မုံရွာကားလမ်း
အရာတော်-မုံရွာကားလမ်း

စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာကားလမ်းပေါ်တွင်စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ သွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကယနေ့(ဇူလိုင်လ၃ရက်)နံနက်တွင် သတိပေးသည်။

အကြမ်းဖက်စစ်တပ်သည် ပုံစံအမျိုးမျိုးဖျက်ကာ သွားလာခြေရှုပ်နေသောကြောင့် ခွဲခြားရခက်ပါသဖြင့် သွားလာခြင်းမပြုကြရန် ပြည်သူများအား မေတ္တာရပ်ခံသတိပေး​ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က သတိပေးကြေညာသည်။

မသင်္ကာသည့်ကားများအားဖောက်ခွဲမှုပြုလုပ်သွားမည်ဖြစ်ပြီးရောက်ရှိနေသောမိတ်ဆွေများရှိပါကဖုန်းဆက်အကြောင်းကြားပေးကြပါရန်လည်းသပြေညိုပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို ထပ်မံကြေညာပေးမည်ဟုအသိ​ပေးသည်။

အထက်ပါလမ်းပိုင်း ယာယီပိတ်သိမ်းခြင်းအား သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing PDF – A.B.N PDF၊ Ayadaw Falcon Force၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့၊AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Danger Force LPDFစသည့် မဟာမိတ်အဖွဲ့များက တားမြစ်ထားခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းမှစ၍ အရာတော်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များသည် ကားဖြင့်တစ်ဖွဲ့၊ ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ အရှေ့သို့ အင်အား(၃၀)ခန့်ပါ စစ်ကောင်စီခြေလျင်တပ်ဖွဲ့တစ်ဖွဲ့ နှစ်နေရာခွဲ၍ အရာတော် – မုံရွာလမ်းပေါ်တွင် ရောက်ရှိနေကြောင်း သိရသည်။

အရာတော်မြို့မှ နံနက် ၄ နာရီခွဲခန့်က ကားဖြင့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် အရာတော် – မုံရွာလမ်းပေါ်ရှိ ကမ်းပြူကျေးရွာမှ အနောက်သို့ ခြေလျင်ဖြန့်ဆင်းနေကြောင်း အရာတော်ပို့စ်က ​ဖော်ပြသည်။

ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် နံနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု အရာတော်ပို့စ်က ရေးသားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တစ်လတစ်ခါလောက် အနီးနားက ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ လာလာယူနေကြ။ အခု အဲဒီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတာပါ"ဟု တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှပြန်ကြားရေးတာဝန်ခံကပြောသည်။

သတင်း

ထိုသို့ ထိုးစစ်ဆင်းရင်း ၂၀၂၁ ဇွန်လ ၂၃ ရက်တွင် ကနီမြို့နယ် မှ ဆယ်တန်းကျောင်းသား ဇော်မင်းထွန်း(ခ) ကရင်ကြီး၊ ဦးသက်ရှည်၊ ကိုထွန်းရွှေ၊ ကိုဇေယျာထွန်း ၊ ကိုဆန်းမင်းနိုင် တို့ကို ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်း ရှစ်ခိုးထပ်ကွေ့အနီး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ရရှိလာ​သော ဘဏ္ဍာ​ငွေများကို လက်နက်၊ခဲယမ်းဝယ်ယူခြင်း၊ ပြည်သူလူထုအား ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခြင်းနှင့် စားနပ်ရိက္ခာအတွက် အဓိကထားပြီးသုံးစွဲလျက်ရှိကြောင်း ဖော်ပြ သည်။

သတင်း

စီမံကိန်းဝန်းကျင် ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပြုနေ၍ ပြည်သူများစိတ်မကောင်းဖြစ်ရကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် စီမံကိန်းဝန်းကျင်ဒေသပြည်သူများ၏ ဒုက္ခများအား ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း ဖော်ပြထားသည်။