Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

ပြီးခဲ့တဲ့ ဧပြီလထဲကစပြီး မန္တလေးမှာ သွေးသောက်အမည်ခံအဖွဲ့ စတင်ပေါ်ပေါက်လာပြီး NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး
မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်က NLD ပါတီဝင်တွေ ပိုင်ဆိုင်ဆိုင်တဲ့စီးပွားရေးလုပ်ကိုင်ရာနေရာတွေကို သွေးသောက်အမည်ခံအဖွဲ့ ဗုံးထောင်ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

မနေ့က ဇူလိုင်လ ၂ ရက် ညပိုင်းက မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ( ၄ ) မှာရှိတဲ့ မင်းခန့်ကျော် ကွမ်းယာဆိုင်၊နယ်မြေ ( ၅ ) မှာရှိ ရူပါရုံ အလှပြင်ဆိုင်၊ နန်းတော်ကုန်းရပ်ကွက် ထောင်ကြီးတိုက်တန်းမှာရှိတဲ့ ကွင်းအင်ပါယာအလှပြင်ဆိုင်တို့မှာ ဖောက်ခွဲဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာပါ။

ဖောက်ခွဲခံရတဲ့နေရာတွေဟာ NLD ပါတီဝင်တွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ဒီလို ဖောက်ခွဲဖျက်ဆီးတဲ့အကြောင်းကို အာဏာသိမ်းစစ်အုပ်စု ကို လော်ဘီလုပ်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြတာတွေ့ရပါတယ်။

ဖျက်ဆီးခံရတဲ့နေရာတွေမှာ သွေးသောက်အဖွဲ့ အနီရောင် စစ်ဆင်ရေး တံဆိပ်ပါတဲ့ စတေကာတွေ ကပ်ထားခဲ့တယ်လို့ လည်းသိရပါတယ်။

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး
မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

ပြီးခဲ့တဲ့ ဧပြီလထဲကစပြီး မန္တလေးမှာ သွေးသောက်အမည်ခံအဖွဲ့ စတင်ပေါ်ပေါက်လာပြီး NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီချုပ်ပါတီမှ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းသည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များအနက် အသက်အငယ်ဆုံးအမတ်ဖြစ်သည်။

သတင်း

စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အား SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ၊ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများမှ ပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အကြမ်းဖက်စစ်တပ်နှင့်ဆက်လက်ပူးပေါင်းနေမည်ဆိုပါက တော်လှန်ရေးအင်အားစုများပူးပေါင်းကာ ဆက်လက်တိုက်ခိုက်သွားမည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတိပေးသည်။

သတင်း

ထိုအဆောက်အဦးအား ဆောက်လုပ်ပေးနေသူများကိုလည်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး ဆက်လက်တည်ဆောက်နေလျှင် ၎င်းတို့အသက်အတွက် အာမခံနိုင်မည်မဟုတ်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။