Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ် ရွှေလှေ – အမြင့်ရေလက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် သတိ​ပေး

အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းတွင်း မြစ်ကြောင်းအသုံးပြုမှုများလာသည့်အတွက် ရေကြောင်းတိုက်ခိုက်ရေး ပြင်ဆင်နေမှုကြောင့် ပြည်သူ့စက်လှေများ ထိခိုက်မှုမရှိစေရန် ကြိုတင်သတိပေးခြင်းဟု၎င်းက ဆိုသည်။

(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army)
(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army)

ချင်းတွင်းမြစ်ကြောအတွင်းရှိ ရွှေလှေ – အမြင့်ရေလက် ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – Chaung U Revolution Army ထုတ်ပြန်သည်။

“အဲဒီရေလက်ကြားမှာက ကံကြီးကုန်း(ခွေးကုန်း)-ပျူရွာနဲ့ နီးတယ်။အခုက မိုးတွင်းရေတက်ချိန်ဖြစ်တာနဲ့ အဲဒီရွာထဲ ရေဝင်တယ်။ နောက်တစ်ခုက ဒီကောင်တွေက ပြည်သူစက်လှေတွေ သဘော်တွေကို မကြာခဏ ချောဆွဲတာလည်းရှိနေတယ်”ဟု CRA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army)
(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ – Chaung U Revolution Army)

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းတွင်း မြစ်ကြောင်းအသုံးပြုမှုများလာသည့်အတွက် ရေကြောင်းတိုက်ခိုက်ရေး ပြင်ဆင်နေမှုကြောင့် ပြည်သူ့စက်လှေများ ထိခိုက်မှုမရှိစေရန် ကြိုတင်သတိပေးခြင်းဟု၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်သူ့စက်လှေ၊အမြန်​ရေယာဥ်များးသည် ယင်းမြစ်လက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုဘဲ ပင်မမြစ်ကြောမှ သွားလာကြရန် မေတ္တာရပ်ခံသည်။

(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army)
(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ – Chaung U Revolution Army)

အဆိုပါ မြစ်လက်ကြားတွင် လုံခြုံရေပစ္စည်းများ တပ်ဆင်ထားသောကြောင့် ဆင်ဖြူရှင်တံတား အောက်ဖက်နှင့်အမြင့်အထက်ဖက်တွင်ရှိသော အဖွဲ့အစည်းများ၊ပြည်သူများအနေဖြင့် အစုန်အဆန် မောင်းနှင်လာသောယာဥ်များကို ရွှေလှေ – အမြင့် မြစ်လက်ကြားသို့ မဝင်ရောက်စေရေးတားမြစ်ပေးရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်-CRA အဖွဲ့က အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်နေသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

သတင်း

ထားဝယ်-ထီးခီး လမ်းပိုင်းအာမနက်ဖြန်(ဇူလိုင် ၅ရက်)မှစ၍ရက်သတ္တပတ်ကြာ သွားလာခွင့်တားမြစ်ထားပြီးအသေးစိတ်အကြောင်းအရာကို ဖော်ပြမထား​ပေ။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇူလိုင် ၃ ရက်)က CHU LDF မှ ထောင်ထားသောပွိုင့်နှစ်ခုမှ မိုင်းများအားရှာတွေ့သွားပြီး ဖော်ယူသွားကြောင်း အသိပေးထားသည်။

သတင်း

ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။