Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းအ​နောက်ခြမ်းတွင်စစ်​တပ်ကရဟတ်ယာဥ်ဖြင့်ပစ်ခတ်၍​ကျေးရွာ၆ရွာမှပြည်သူများထွက်​ပြေး​နေရ၊ စားနပ်ရိက္ခာများလိုအပ်​နေ

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအနက် အိမ်ပေါင်း ၁၈၈ အိမ် ကူညီရန်ကျန်နေပြီး ပြည်သူများ၏ ကူညီလှူဒါန်းငွေများ စုဆောင်းကာဆက်လက် ကူညီမည်ဟုအထက်ပါတာဝန်ရှိသူကဆက်ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ကျေးရွာ ၆ရွာထက်မန​ည်းမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်မှုများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည်ဇူလိုင်လ ၂ရက် ညနေ ၄ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်းဆပ်ပြာကျင်းဘုတ်ရွာတစ်ဝိုက်ကို MI35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့်လာရောက်ပစ်ခတ်ခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)

ယမန်နေ့(ဇူလိုင်လ၄ရက်)တွင်လည်းဒီပဲယင်းမြို့နယ်အနောက်ခြမ်းကို ရဟတ်ယာဥ်ဖြင့် အကြမ်းဖက်စစ်သားအချို့ လာရောက်ချသွားပြီး ကျေးရွာ‌များမှ ပြည်သူများဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။

“စစ်ရှောင်များအတွက် အဓိကလိုအပ်တာက စားနပ်ရိက္ခာဖြစ်ပါတယ်။ လက်ရှိသိရသလောက် လမ်းကြောင်းဦးတည်မယ်ထင်တဲ့ ကျေးရွာ ၆ ရွာ အနည်းဆုံး တိမ်းရှောင်နေရပါတယ်။ အခုလည်း စစ်ရှောင်ပြည်သူတွေ လက်ခံထားတဲ့ကျေးရွာများနဲ့ ချိတ်ဆက်နေပါတယ်။အခက်အခဲရှိတာနဲ့
တတ်နိုင်သလောက်ကူညီဖို့ပြင်ဆင်နေပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအနက် အိမ်ပေါင်း ၁၈၈ အိမ် ကူညီရန်ကျန်နေပြီး ပြည်သူများ၏ ကူညီလှူဒါန်းငွေများ စုဆောင်းကာဆက်လက် ကူညီမည်ဟုအထက်ပါတာဝန်ရှိသူကဆက်ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က လည်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးအိမ်ပေါင်း ၈၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် ဇူလိုင် ၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဖလံကန်ကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ​ဒေသခံပြည်သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့တွင်ကျရောက်ပြီး ဒေသခံပြည်သူများ ဆက်လက်တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

သတင်း

ကျေးရွာများမှ ပြည်သူလူထုသည်စစ်ကောင်စီတပ်၏ခိုးယူလုယက်မှုကို ကြောက်သဖြင့် နေအိမ်များမှပစ္စည်းများကို ကြိုတင်ဝှက်ထားရသည်ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

သတင်း

ထနောင်းဝင်း - ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် နံနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု အရာတော်ပို့စ်က ရေးသားထားသည်။