Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲမြို့နယ်အခြေစိုက် ရဲတပ်ဖွဲ့မှုခင်းနှိမ်နှင်းရေးတပ်စုမှ တပ်ကြပ်ကြီးနှစ်ဦး CDM ပြုလုပ်လာ

လက်ရှိ အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာကာ ကရင်နီပြည်သူ့တပ်ဖွဲ့မျာထံ ဆက်သွယ်ခိုလှုံလာသည့် စစ်သားနှင့် ရဲ ၁၀၀ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

(CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီးနှစ်ဦး နှင့် ၎င်းတို့ပါလာသော ခဲယမ်းများ။ဓာတ်ပုံ - BPDF)
(CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီးနှစ်ဦး နှင့် ၎င်းတို့ပါလာသော ခဲယမ်းများ။ဓာတ်ပုံ - BPDF)

ဘောလခဲမြို့နယ်အခြေစိုက် ရဲတပ်ဖွဲ့မှုခင်းနှိမ်နှင်းရေးတပ်စုမှ တပ်ကြပ်ကြီးနှစ်ဦး CDM ပြုလုပ် ၍ ဝင်ရောက်ခိုလှုံလာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်သည်။

ကျည်ဆံ ၃၀၀ကျော်အပါအဝင် လက်ပစ်ဗုံး ခြောက်လုံးနှင့်အတူ ပြည်သူနှင့်အတူပူးပေါင်းလာသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ တပ်ကြပ်ကြီး အဆင့်ရှိသူများဖြစ်ကြောင်း ဖော်ပြသည်။

တပ်ကြပ်ကြီးကိုဝင်းထွန်း ကိုယ်ပိုင်အမှတ် (လ/၁၅၈၇၃၂) နှင့် နယ်ထိန်းတပ်ကြပ်ကြီး ကိုမျိုးဆွေးဦး (လ/၁၈၆၆၄၈) တို့သည် ယခုလ ၃ရက်က ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(BPDF)ထံသို့ ဆက်သွယ်လာခြင်းဖြစ်သည်။

(CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီးနှစ်ဦး နှင့် ၎င်းတို့ပါလာသော ခဲယမ်းများ။ဓာတ်ပုံ - BPDF)
(CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီးနှစ်ဦး နှင့် ၎င်းတို့ပါလာသော ခဲယမ်းများ။ဓာတ်ပုံ – BPDF)

(၇ ဒသမ ၆၂) မမ ကျည် ၃၂၁ တောင့် ၊လက်ပစ်ဗုံး ၆ လုံးနှင့် ဆက်သွယ်ရေး စကား‌ပြောစက် ၂လုံးပါရှိလာကာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အပ်နှံခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီဖက်မှ CDM ပြုလုပ်လာမည့် စစ်သားနှင့် ရဲများကို ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာကာ ကရင်နီပြည်သူ့တပ်ဖွဲ့မျာထံ ဆက်သွယ်ခိုလှုံလာသည့် စစ်သားနှင့် ရဲ ၁၀၀ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လတ်တလောတွင် ရေစကြိုနယ်နှင့် မြို့နယ်တို့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြားမကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

သတင်း

"June လ မကုန်ခင် (ကျောင်းသား)ခေါ်ယူသွားမှာပါခင်ဗျ။ နောက်လ(ဇူလိုင်)ထဲကို ကျောင်းစတင် ဖွင့်လှစ်မှာပါ"ဟု Bago Federal School - BFS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ကြပ်ကြီး ထွန်းလင်းထံမှ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ဓားရှည် ၁ ချောင်း ၊ ဓားမြှောင် ၂ ချောင်း၊ လက်လုပ်ပစ္စတို (အပျက်)၁ လက် ၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်။

သတင်း

စစ်ကောင်စီရှေ့တန်းစခန်းများတွင် ရိက္ခာများစုနေပြီး စစ်သည်များ အနားယူချိန်မရဘဲ အလုပ်လုပ်နေရကြောင်းနှင့် အလုပ်ပင်ပန်းခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် တပ်မှ စွန့်ခွာချင်သည့် စစ်သည်များရှိကြောင်း ၎င်းက ဆက်ပြောသည်။