Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ – လိုင်လင်းပီလမ်းတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေဟု CDF အသိပေး

မတူပီ CDF အနေဖြင့် ဇွန်လ ၁၁ရက်ကလည်း မတူပီ -ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄)တပ်ရင်းဂိတ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မတူပီ CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - မတူပီ CDF
မတူပီ CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - မတူပီ CDF

ချင်းပြည်နယ် မတူပီ – လိုင်လင်းပီလမ်းပိုင်း၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

လိုင်လင်းပီမြို့မှ မတူပီသို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ရဲန်ခဲန်းရွာနှင့် အမ်မိလိုင်းရွာကြား၌ မတူပီ CDFက ယနေ့ ၉ဇူလိုင် ၆ရက်)နံနက် ၉နာရီ၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲသည် နာရီဝက်ကျော်ကြာမြင့်ခဲ့ပြီး စစ်ကော်စီတပ်မှ သုံးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း CDF ရဲဘော်များထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရဲန်ခဲန်းရွာသို့ တပ်ဆုတ်ပြီး ပြည်သူလူထု နေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်သည်။

မတူပီ CDF အနေဖြင့် ဇွန်လ ၁၁ရက်ကလည်း မတူပီ -ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄)တပ်ရင်းဂိတ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရ​ခြင်း...

သတင်း

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။

သတင်း

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။