Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော်ကို စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ်(၈)နှစ်ချမှတ်

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရ​ခြင်း ဖြစ်သည်။

ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော်
ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော်

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားကို အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးပြီးနောက် ထောင်ဒဏ် (၈)နှစ် ချမှတ်ခဲ့ကြောင်း Yangon University of Education Students` Union က ယနေ့ (ဇူလိုင် ၆) တွင် ထုတ်ပြန်သည်။

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရ​ခြင်း ဖြစ်သည်။

ထို့အပြင် ယင်းထောင်ဒဏ်များအပြင် ရန်ကုန်မြို့တွင် ချမှတ်မည့် အမှုများကျန်ရှိနေ​သေးကြောင်းလည်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖော်ပြထားသည်။

ကိုစိုးသူရကျော်သည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဟောင်းတစ်ဦး ဖြစ်သည့်အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပညာရေးသပိတ်စစ်ကြောင်းများကို ဦးဆောင်ခဲ့သူ၊ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)၏ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ဓာတ်ပုံ – ABFSU

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။

သတင်း

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။

သတင်း

မတူပီ CDF အနေဖြင့် ဇွန်လ ၁၁ရက်ကလည်း မတူပီ -ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄)တပ်ရင်းဂိတ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။