Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့်မ​ကွေးနယ်စပ်တိုက်ပွဲ စစ်​ကောင်စီတပ်အထိနာ၍ ရဟတ်ယာဥ်ပစ်ကူ​ပေး၍ဆုတ်ခွာ

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။

(စစ်​ကောင်စီတပ်က အထိ့နာ၍ ရဟတ်ယာဥ်ဖြင့်လာ​ရောက်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ်က အထိ့နာ၍ ရဟတ်ယာဥ်ဖြင့်လာ​ရောက်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ- CJ)

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းနယ်စပ်တွင်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က လေယာဥ်ပါပစ်ကူခဲ့သော်လည်း ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Force အဖွဲ့ကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်လ ၆ရက်) နံနက် ၇နာရီခွဲခန့်ကစစ်ကိုင်းတိုင်းမြောင်နယ်အစပ်နှင့် မကွေးတိုင်းရေစကြိုမြို့နယ် အစပ်ဖြစ်သော ရွှေလှံကျေးရွာနှင့် မြစ်သာကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် ​အကြမ်းဖက်စစ်ကောင်စီတပ်များ ၂နာရီ ကြာတိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်က ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Forceအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ ဝန်းရံပိတ်ဆို့ခဲ့သော်လည်းအထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် ရဟတ်ယာဥ် အသုံးပြုစစ်ကူ​ပေးတိုက်ခိုက်ခဲ့၍ ဆုတ်ခွာသွားနိုင်ခဲ့သည်ဟုလည်းဆိုသည်။

ရဟတ်ယာဥ်သုံး​သော်လည်းပြည့်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂)၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃)၊ Natogyi Regional Defense Force၊ Myaung Special People Defense Force၊ ကျေးရွာတပ်ပေါင်းစု(မြောင်)၊ ရေလယ်ကျွန်း Phoenix စသည့်အဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု၎င်းအဖွဲ့များက အသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Seven People Defense Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရ​ခြင်း...

သတင်း

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။

သတင်း

"မနက်အစောကတည်းက ဖြစ်တာ။လောကထုနဲ့ ပဒေါင်ကုန်းရွာက ပြည်သူတွေ စစ်ဘေးရှောင်ရတယ်။ရဟတ်ယာဥ်ရော တိုက်လေယာဥ်ပါသုံး တယ်။လောလောဆယ် ညနေပိုင်း တော့ နည်းနည်း ငြိမ်နေသေးတယ်"ဟု ၎င်းက ရှင်းပြသည်။