Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် ရှင်မတောင်အနီး စစ်ကောင်စီတပ်ယာဥ်တစ်စီးကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေ

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရှင်မတောင်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးကို မဟာမိတ်ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Yesagyo-PDF က ယနေ့(ဇူလိုင် ၆)ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီကျော်က ရေစကြိုမြို့နယ် ရှင်မတောင် တောင်ခြေနှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့လာသော ခလရ(၂၅၈)မှ စစ်ကောင်စီတပ် ယာဥ်တစ်စီးအား ထန်းတိုကျေးရွာနှင့် ချင်းယားကုန်းကျေးရွာကြား မိုင်း​လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ခုနစ်ဦးအပြင်းအထန် ဒဏ်ရာရသွားသည်ဟု အသိပေးသည်။

“ကားပါ ရစရာမရှိအောင် စုတ်ပျတ်သွားသဖြင့် အ​ခြားကားတစ်စီးရဲ့နောက်ကနေ ကြိုးနဲ့ဆွဲပြီး သံရည်ကြိုစက်သို့ ပို့လိုက်ရပါသည်”ဟု Yesagyo-PDF က ဆိုသည်။

မရှုမလှ အသက်ပျောက်သွားသည့် စစ်သားအလောင်းများကြားမှပင် ဘေးပတ်ဝန်းကျင်များသို့ (၄၀) မမဖြင့် ရှစ်ချက်၊ (၆၀) မမဖြင့်သုံးချက် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးရဲဘော်များ ဘေးကင်းလုံခြုံရာသို့ အထိခိုက်မရှိ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရ​ခြင်း...

သတင်း

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။

သတင်း

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။

သတင်း

မတူပီ CDF အနေဖြင့် ဇွန်လ ၁၁ရက်ကလည်း မတူပီ -ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄)တပ်ရင်းဂိတ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။