Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်းဆိုချက်များ မရမချင်း သပိတ်ဆက်မှောက်မည်ဟု Foodpanda Riders များပြော

လက်ရှိတွင် Foodpanda Riders များမှ Zero Customer ကမ်ပိန်းအားပြုလုပ်လျှက်ရှိပြီး ပြည်သူလူထုမှ Foodpanda ၏ ဝန်ဆောင်မှုများကို သုံးစွဲမှုမပြုခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

တောင်းဆိုချက်များ မရမချင်း သပိတ်ဆက်မှောက်မည်ဟု Foodpanda Riders များပြော
တောင်းဆိုချက်များ မရမချင်း သပိတ်ဆက်မှောက်မည်ဟု Foodpanda Riders များပြော

Foodpanda Riders များမှ ၎င်းတို့တောင်းဆိုထားသော အခြေခံအလုပ်သမားအခွင့်အရေးများအပါအဝင် တောင်းဆိုချက်များ မရမချင်း ဆက်လက်သပိတ်မှောက်သွားမည်ဟု ယနေ့(ဇူလိုင် ၆)ပြောကြားလိုက်သည်။

အဆိုပါ အသိပေးပြောဆိုမှုကို အွန်လိုင်းမှပြုလုပ်သည့် ယနေ့ပြည့်မြောက်သော သပိတ်တိုက်ပွဲတစ်လပြည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“Foodpanda ကုမ္ပဏီအနေနဲ့ Riders များရဲ့တောင်းဆိုချက်တွေကို အမြန်ဆုံးလိုက်လျော ညှိနှိုင်းပေးဖို့ ကျွန်တော်တို့အနေနဲ့ ဒီနေရာကနေပြောကြားလိုပါတယ်။ တစ်ကယ်လို့ မလိုက် လျောပေးလို့ရှိရင် မလိုက်ရောမချင်း လှုပ်ရှားမှုတွေ၊ ကမ်ပိန်းတွေ၊ နိုင်ငံတကာဖိအားတွေနဲ့ ကျွန်တော်တို့ Foodpanda Riders တွေကနေ အဆုံးထိ သပိတ်ကို ဆက်လက်မှောက်သွားမယ်ဆိုတဲ့အကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်”ဟု သပိတ်ခေါင်းဆောင် Riders တစ်ဦးက ပြောသည်။

Riders များ၏ သပိတ်တောင်းဆိုချက်များမှာ အ​ခြေခံအော်ဒါကြေး ၆၇၀ကျပ်ပေးရန်နှင့် ခရီးအကွာအဝေး၊ အဆင့်သမှတ်ချက်များနှင့်အညီ တို့မြှင့်ပေးရန်၊ ကီလိုအကွာအဝေးအမှန်ထွက်စေဖို့ Google Mapအတိုင်း တိုင်းတာပြီး အော်ဒါကြေး တွက်ချက်ပေးရန်၊ အလုပ်အချိန်အတွင်း Riders များထိခိုက်နစ်နာမှုကို တာဝန်ယူဖြေရှင်းပေးရန်နှင့် တစ်ပတ်တစ်ရက် အပြည့်အဝနားခွင့်ပြုရန်တို့ ပါဝင်သည်။

Foodpanda Riders များမှ ၎င်းတို့၏ တောင်းဆိုချက်များကို ကုမ္ပဏီဘက်မှ မလိုက်လျောခဲ့သောကြောင့် မတ်လ ၁၆ရက်တွင် ပထမအကြိမ် သပိတ်မှောက်ခဲ့ပြီး ယခုဒုတိယအကြိမ်သပိတ်မှောက်ခြင်းကို ဇွန်လ ၆ရက်တွင် ထပ်မံပြုလုပ်ခဲ့ရာ ယနေ့(ဇူလိုင် ၆) တစ်လပြည့်ပြီ ဖြစ်သည်။

လက်ရှိတွင် Foodpanda Riders များမှ Zero Customer ကမ်ပိန်းအားပြုလုပ်လျှက်ရှိပြီး ပြည်သူလူထုမှ Foodpanda ၏ ဝန်ဆောင်မှုများကို သုံးစွဲမှုမပြုခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

အလုပ်သမားများ၏ သပိတ်မှောက်ခြင်းဖြင့် ရင်ဆိုင်နေရသော Foodpandaကုမ္ပဏီသည် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် လုပ်ငန်းများလည်ပတ်လုပ်ကိုင်နေပြီး Foodpanda အမှတ်တံဆိပ်အား Delivery Hero ကုမ္ပဏီမှ ပိုင်ဆိုင်သည့် အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

Foodpanda မှပို့ဆောင်ရေးအလုပ်သမားများ၏ဒုတိယအကြိမ်မြောက် အလုပ်မဆင်းဘဲ သပိတ်မှောက်ထားသည်မှာ ဇူလိုင် ၆ ရက် (မနက်ဖြန်)တွင် တစ်လတင်းတင်းပြည်ပြီ ဖြစ်သည်။

သတင်း

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

သတင်း

ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Foodpanda Rider ၇,၀၀၀ ကျော်အနက် ၅,၀၀၀ကျော် အလုပ်မဆင်းသပိတ်၌ ပါဝင်ခဲ့ကြောင်း ယင်းသပိတ်ကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဗိုလ်မင်းဒင်ကပြောကြားထားသည်။

ဗီဒီယို

စစ်ကောင်စီက တော့ ပုံမှန်လည်ပတ်နေပြီဆိုတဲ့ ပုံရိပ်ပြချင်တာကြောင့် ပြီးခဲ့တဲ့ ကဆုန်လပြည့်က အစိုးရရုံးတာဝန်ရှိသူ တွေဦး‌ ဆောင်ပြီး ညောင်ရေသွန်းဖို့ လုပ်အားပေးခဲ့တာတွေရှိပါတယ်။