Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့ ရဲစခန်းကို အဝေးထိန်းစနစ်သုံးပြီး မိုင်းဖောက်ခွဲတိုက်ခိုက်

အဆိုပါစစ်ဆင်ရေးနှင့်ပတ်သက်၍ SNAKE EYES PDFအဖွဲ့ တာဝန်ရှိသူက “ကျွန်တော်တို့ စခန်းအတွင်းက စားဖိုဆောင်အနားအထိ မိုင်းရောက်အောင်ပို့ခဲ့ပြီး ခွဲခဲ့တာပါ။ ကျန်တဲ့ အသေးစိတ်ကိုတော့ ပြောလို့ မရလို့ နားလည်ပေးစေချင်ပါတယ်။”ဟု ပြောသည်။

(အဝေးထိန်းစနစ်ဖြင့် ရဲစခန်းအတွင်း ဖောက်ခွဲခဲ့သည့်မိုင်းအား တွေ့ရစဥ်။ဓာတ်ပုံ-SNAKE EYES PDF)
(အဝေးထိန်းစနစ်ဖြင့် ရဲစခန်းအတွင်း ဖောက်ခွဲခဲ့သည့်မိုင်းအား တွေ့ရစဥ်။ဓာတ်ပုံ-SNAKE EYES PDF)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ ရဲစခန်းအတွင်း အဝေးထိန်းစနစ်သုံးပြီး မိုင်းဖောက်ခွဲတိုက်ခိုက်ရာ ငါးဦးထက်မနည်းထိခိုက်နိုင်ကြောင်း SNAKE EYES PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်၆ရက်) နံနက် ၁၁ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်ရဲစခန်းကို အဆင့်မြင့် အဝေးထိန်းစနစ်အသုံးပြု၍ မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SNAKE EYES PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ ဖောက်ခွဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဘက်က ငါးဦးနှင့် အထက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း SNAKE EYES PDFက အသိပေးသည်။

အဆိုပါစစ်ဆင်ရေးနှင့်ပတ်သက်၍ SNAKE EYES PDFအဖွဲ့ တာဝန်ရှိသူက “ကျွန်တော်တို့ စခန်းအတွင်းက စားဖိုဆောင်အနားအထိ မိုင်းရောက်အောင်ပို့ခဲ့ပြီး ခွဲခဲ့တာပါ။ ကျန်တဲ့ အသေးစိတ်ကိုတော့ ပြောလို့ မရလို့ နားလည်ပေးစေချင်ပါတယ်။”ဟု ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ မြို့ပြစစ်ဆင်ရေးကို SNAKE EYES PDF၊ Non Profit Soldiers Ye.U နှင့် Freedom Revolution Force (F.R.F)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့ကပြောသည်။

SNAKE EYES PDFနှင့် ဒေသတွင်းအဖွဲ့များသည် ဇူလိုင်လ၄ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က တပ်စွဲထားသော ရေဦးမြို့၊ တိုင်းရင်းဆေးရုံအတွင်းသို့ အဆင့်မြင့် အဝေးထိန်း ဖောက်ခွဲရေးမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။ ထိုဖြစ်စဥ်တွင် စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား၁၀ ဦးခန့် အပြင်းအထန် ဒဏ်ရာရခဲ့ကာရဟတ်ယာဥ်ဖြင့်ပင် လာရောက်သယ်ဆောင်သွားခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရေစကြို၊ မြိုင်နယ်များနှင့် နယ်ချင်းဆက်နေသော ပခုက္ကူမြို့နယ်တွင်လည်း စ်ကောင်စီတပ်အား ပြောက်ကျားတိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

သတင်း

အထက်ပါဖြစ်စဥ်အား ဗိုလ်တောက်ထွန်း MBTT၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ (BNT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung Oo King(CK)၊ Saw Bwar Gyi(MPDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ထို့အပြင် ယနေ့ ညပိုင်း၌ ရေတာရှည်လမ်းဟောင်းရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင် အပါအဝင် တိုက်ခန်းများအား စစ်ကောင်စီဝင်များက ဧည့်စာရင်းစစ်နေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ဗီဒီယို

ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ​ ပြ​န်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။