Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်အား တိုက်ခိုက်မည့် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့လေ့ကျင့်နေမှု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)ထုတ်ပြန်

ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန်အပါအဝင် စစ်​ကောင်စီတပ်၏ စစ်စခန်း​များ၊ မြို့သိမ်းတိုက်ပွဲ​များနှင့် အထူးစစ်ဆင်​ရေး​များကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဓာတ်ပုံ - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)၊ တပ်ရင်း - ၇၀၃
ဓာတ်ပုံ - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)၊ တပ်ရင်း - ၇၀၃

စစ်အာဏာရှင်အား တိုက်ခိုက်မည့် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့လေ့ကျင့်နေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)၊ တပ်ရင်း – ၇၀၃က ယနေ့(ဇူလိုင် ၇ရက်)တွင် ထုတ်ပြန်သည်။

အာဏာရှင်စနစ်ကျဆုံးရေးအတွက် အဆုံးအစွန်ထိသွားရန် သန္ဓိဌာန်ချထားပြီးဖြစ်၍ ပြည်သူ များက ကွန်မန်ဒိုတပ်ဖွဲ့ကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ထို့အပြင် တိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့၏ လေ့ကျင့်ရေးပစ္စည်းများကို မိဘပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် ယခုလေ့ကျင့်မှုကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟု အသိပေးသည်။

ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန်အပါအဝင် စစ်​ကောင်စီတပ်၏ စစ်စခန်း​များ၊ မြို့သိမ်းတိုက်ပွဲ​များနှင့် အထူးစစ်ဆင်​ရေး​များကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ချင်း၊မကွေးနှင့် စစ်ကိုင်းတိုင်းရှိ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသများကို ကိုယ်စားပြုထားသည့် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကွန်မန်ဒိုအထူးတပ်ဖွဲ့ကို ဇွန်လဆန်းပိုင်းကစ၍လေ့ကျင့်ပေးနေသည်ဟု တပ်ရင်း(၇၀၃)မှ တပ်ရင်းမှူးကိုစိုးမိုး အသိပေးသည်။

“ကျွန်တော်တို့မှာ လို အပ်ချက်များစွာရှိနေပါသေးတယ်။အဲဒါတွေအတွက် ပြည်သူလူထုက ကူညီပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ကိုစိုးမိုးက ပြောသည်။

လက်ရှိ အနောက်ပိုင်းတိုင်စစ်ဒေသတွင် ဂန့်ဂေါခရိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကောင် စီတပ်မှအင်အား ၃၀၀ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွား နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြနေကြောင်း NUG က ဖော်ပြသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ၊လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာမှ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်​ကြောင်း BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဇူလိုင် ၂ ရက်ကလည်း ပုလဲနယ် ကံကြီးရွာသို့ဝင်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးပြီး အရာရှိတစ်ဦးလည်းပါဝင်ကြောင်း ကျားသစ်က အသိပေးသည်။