Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာပဲ စစ်ကောင်စီဆက်လက်ထားရှိ၊ အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲထားတဲ့အမှုအတွက် ထောင်တွင်းတရားရုံးမှာ ဒီနေ့ ရုံးထုတ်

အာဏသိမ်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့လိုက်တာပါ။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ကနေ ရန်ကုန်ကိုပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းဟာမမှန်ကြောင်းနဲ့ ဒီနေ့ နေပြည်တော်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကိုပြောင်းရွှေ့လိုက်ပြီလို့ ဒီနေ့မနက်မှာ သတင်းတွေထွက်လာတာပါ။

ဒီသတင်းဟာမမှန်ကန်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်အချုပ်ထောင်မှာပဲ ဆက်လက်ရှိနေဆဲဖြစ်ကာ ဒီနေ့ ထောင်တွင်းတရားရုံးမှာ အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲတဲ့အမှုအတွက် တရားခွင်ကိုလာရောက်ခဲ့တယ်လို့ နေပြည်တော်တရားရုံးအသိုင်းအဝိုင်းအတည်ပြုပါတယ်။

ရန်ကုန်မြို့က တက္ကသိုလ် ရိပ်သာလမ်းနေအိမ်ရှေ့မှာလည်း ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုထားတာတွေ့ရပါတယ်။

အာဏသိမ်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့လိုက်တာပါ။

ဒီလုပ်ရပ်ကို နိုင်ငံတကာက ရှုတ်ချခဲ့ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီထံစာရေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာဆီပြန်ပို့ဖို့တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်ကို စစ်ကောင်စီဟာ ငြင်းပယ်ထားတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ချမှတ်ထားသောစစ်သုံ့ပန်း ဥပဒေနှင့်အညီဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

သတင်း

စစ်​ကောင်စီတပ်နှင့်BGFများအများဆုံး​သေဆုံး​သောလများမှ တစ်လလျှင်စစ်သား ၅၀၀ ​ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊​ခြောက်လအတွင်းအနည်းဆုံးလဖြစ်​သော ဇွန်လတွင်ပင် ၃၆၅ ​ယောက်​သေသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို တွေ့မြင်၊ကြားသိရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်းအရောက်ပို့ပေးကြရန်၊ လူသားဒိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမခံရရေးအတွက် မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအား သတိပြုပြီး သွားလာနေထိုင်ကြရန် ​ဖော်ပြထားသည်။

သတင်း

ဦးကျော်မျိုးမင်းအလောင်းကို ၎င်းနှင့်အတူ ပါလာပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ အလောင်းအနီး ဝန်းကျင် ရေမြောင်းထဲ၌ ဦးခေါင်းကို ဗွက်ထဲနစ်ထားပြီး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရကြောင်း NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Than Lwin Times က...