Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား

အထက်ပါ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသော နိုင်ငံရေးပါတီများအနေဖြင့် မင်းအောင်လှိုင်ပြင်ဆင်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို မပါဝင်ဘဲ ပြည်သူလူထု၏ဆန္ဒအတိုင်းရပ်တည်ရန်လိုအပ် ကြောင်း ပြောသည်။

စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား
စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား

▪️နိုင်ငံရေးပါတီများ မင်းအောင်လှိုင်ပြင်ဆင်နေသည့်ရွေးကောက်ပွဲမဝင်ရန် ဝန်ကြီးချုပ်တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်မှုကြောင့် စစ်ဘေးသင့်၊ စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူအညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတက ညွှန်ကြားလိုက်သည်။

ယနေ့ကျင်းပသော (၆၀)ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထည့်သွင်းညွှန်ကြားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးခရီးကို မဆုတ်မနစ်ကြိုးစားကြရန်လည်း တိုက်တွန်းခဲ့သည်။

အထက်ပါ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသော နိုင်ငံရေးပါတီများအနေဖြင့် မင်းအောင်လှိုင်ပြင်ဆင်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို မပါဝင်ဘဲ ပြည်သူလူထု၏ဆန္ဒအတိုင်းရပ်တည်ရန်လိုအပ် ကြောင်း ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ပြည်သူလူထု ဆန္ဒမပါဘဲ ၂၀၂၃ ရွေးကောက်ပွဲကို မရရအောင်လုပ်ဆောင်ရန် ကြံရွယ်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် NUG ၏ အုပ်ချုပ်ရေးဖော်ဆောင်နေသည့် စစ်ကိုင်း၊ မကွေးတိုင်း ဒေသများတွင် စနစ်တကျအုပ်ချုပ်စီမံနိုင်ရန် ဆောင်ရွက်နေသည်မှာ အတန်အသင့်ခရီးရောက်နေပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရာတွင် သံတမန်ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူထု၏ ညီညွတ်မှုအင်အား စသည့် ကဏ္ဍစုံ၊ ဘက်ပေါင်းစုံဆောင်ရွက်နေကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား
စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား

သို့သော် NUG အစိုးရအဖွဲ့အတွင်း ကော်မတီ၊ ကော်မရှင်အရေအတွက် ၁၆ ခုအထိ ရှိလာပြီး စီမံလုပ်ဆောင်ရသည်များ များပြားလွန်းသဖြင့် အစည်းအဝေးအတွင်း ဆုံးဖြတ်ချက် ချမှတ်ရာတွင် အခက်အခဲများ ဖြစ်နေကြသည်ကို ကြားသိရကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ဒါတွေအတွက်လည်း ကော်မတီရဲ့ လုပ်ငန်းတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိရောက်ရောက် ဖြစ်စေဖို့ သေချာ ပြန်လည်သုံးသပ်ပြီး စနစ်တကျ စီမံပေးဖို့ ကျနော်တို့ ရုံးက တာဝန်ရှိသူတွေကိုလည်း မှာကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တနိုင်ငံလုံးရှိ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နိုင်သည်ကို တွေ့ရ၍ အလွန်အားရဖွယ်ကောင်းကြောင်း၊ တော်လှန်ရေးတွင် ဘုံသဘောထားရည်မှန်းချက်များနှင့်အတူ လျှောက်လှမ်းနိုင်နေကြသည့်အတွက် မကြာမီကာလတွင် အောင်မြင်မှုများကို မြင်တွေ့ရမည်ကို ခိုင်မာစွာယုံကြည်ကြောင်း မန်းဝင်းခိုင်သန်းက ဆက်ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အခြေခံမီးသတ်သင်တန်း အပတ်စဉ် (၁)ကို ယခုနှစ် ဧပြီက ဖွင့်လှစ်ခဲ့၍ ယင်းသင်တန်းကို (၁၅)ရက်ကြာ သင်တန်းပေးခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၇) ရွာမှ ဒေသခံ တော်လှန်ပြည်သူ ၄၀ဦး တက်ရောက်ခဲ့သည်။

သတင်း

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထိုတပ်ထဲသို့ ဝင်သွားရသည်ဟုအသိပေးသည်။

သတင်း

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က မတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။