Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်တွင် NUG ပညာရေးဝန်ကြီးဌာန၏ ဘက်စုံထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ဇွန်လ ၁၄ရက်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် NUGပညာရေးဝန်ကြီးဌာနက ဦးဆောင် ၍ မိုးရာသီအားကစားပြိုင်ပွဲကျင်းပခဲ့ပြီး NUG ကြား ပညာရေး စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြသည်။

ဓာတ်ပုံ - Nan Oo Hlaing Facebook
ဓာတ်ပုံ - Nan Oo Hlaing Facebook

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်အောက် ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဘက်စုံထူးချွန် ဆုပေးပွဲနှင့်ပညာရေး စုံညီပွဲတော်တို့ကို ယနေ့ (ဇွန်လ ၁၈)ကျင်းပပြုလုပ်ခဲ့သည်။

ယင်းမာပင်ခရိုင်တပ်ရင်း (၁)မှ စစ်ဘေးရှောင်ပြည်သူ များ၏ ကလေးသူငယ်များအား NUGမှ ချမှတ်ထားသည့် ကြားကာလပညာရေးမူအတိုင်း သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး ဘက်စုံထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကိုလည်းပြည်သူလူထုများစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

“ယင်းမာပင်ခရိုင်မှာ ဒီလိုမျိုး ပညာရေးစုံညီပွဲတော်တွေတောင် ကျင်းပနိုင်တဲ့ အရမ်းဝမ်းသာမိပါတယ်။ ဒါက တော်လှန်ရေးရဲ့ အသီးအပွင့်တစ်ခုပါပဲ”ဟု ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင် တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ရက်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် NUGပညာရေးဝန်ကြီးဌာနက ဦးဆောင် ၍ မိုးရာသီအားကစားပြိုင်ပွဲကျင်းပခဲ့ပြီး NUG ကြား ပညာရေး စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

မေးမြန်းခန်း

မြေ​တွေမှာKNUပညာ​ရေးစနစ်နဲ့သင်ကြား​ပေး​နေတဲ့ စာသင်ကျောင်းပေါင်းတစ်ထောင်ကျော် ဖွင့်လှစ်ထားပါတယ်။ဒီနှစ်မှာကျောင်းသား​တွေတဟုန်ထိုးတိုးလာ​နေပါတယ်။

သတင်း

"ပြည်သူနှင့်တသားတည်း ရပ်တည်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အလေး အမြတ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်"ဟု ဖော်ပြ သည်။

သတင်း

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူ လူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။