Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တာဝန်ထမ်းဆောင်ရန် ခရီးရှည်ထွက်ခဲ့သော ရဲဘော်များ စခန်းပြန်ရောက်ပြီဟု သရက် PDF အသိပေး

​တော်လှန်​ရေးတိုက်ပွဲများအား အားမ​လျော့ဘဲ ဆက် လက်လျောက်လှမ်း ချီတက်သွားကြမည်ဟု ကတိသစ္စာပြုထားပြီး မိဘပြည်သူများ၏ အကူအညီ၊ ​မေတ္တာ၊ ​စေတနာထားမှုများကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်ဟု ဖော်ပြထားသည်။

သရက် PDF
သရက် PDF

တော်လှန်​ရေးခရီးကြမ်းအတွက် တာဝန်ထမ်း​ဆောင်ရန် ခရီးရှည်ထွက်ခဲ့ကြသော ရဲဘော်များ အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သရက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၉)တွင် သိပေးထုတ် ပြန်သည်။

“မိမိတို့၏ ပြည်သူ့ကာကွယ်​ရေးရဲ​ဘော်များအားလုံး မိဘပြည်သူတို့၏အကူအညီများဖြင့် မိမိတို့နေရာများသို့ ​ဘေးမသီရန်မခဘဲ အဆင်​ပြေ​ချော​မွေ့စွာ အားလုံးပြန် လည် ​ရောက်ရှိကြပါပြီ”ဟု ဆိုသည်။

​တော်လှန်​ရေးတိုက်ပွဲများအား အားမ​လျော့ဘဲ ဆက် လက်လျောက်လှမ်း ချီတက်သွားကြမည်ဟု ကတိသစ္စာပြုထားပြီး မိဘပြည်သူများ၏ အကူအညီ၊ ​မေတ္တာ၊ ​စေတနာထားမှုများကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က ပွင့်ဖြူမြို့နယ် မဲဇလီတံတားအနီး စစ်ကောင်စီတပ်နှင့် သရက် -ကံမပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁၂ဦးကျဆုံးကာ သုံးဦးဖမ်းခံရပြီး ရဲဘော်အချို့သာ လွတ်မြောက်ခဲ့သည်။

အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာသောအထက်ပါ ရဲဘော်များမှာ ပွင့်ဖြူမြို့နယ်ထိတွေ့တိုက်ပွဲမှ လွတ်မြောက်ခဲ့သော ရဲဘော်များဟုတ်မဟုတ်ကိုမူ မသိရှိရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"ရဲဘော်(02)အတွက် အသက်သွေးကြေးပြန်တောင်းခဲ့သော ရွှေလက်ပိုက်ရှင်များလည်းလွတ်လပ်တဲ့နေရာတစ်ခုသို့ ရောက်ရှိပါကြောင်းအသိပေးအပ်ပါသည်"ဟု ဗိုလ်လင်း ယုန်တပ်ဖွဲ့က အသိပေးသည်။

သတင်း

GHF အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က အောင်မဂ်လာစစ်ဆင်ရေးခေါင်းစဥ်ဖြင့် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ရေတပ်ဝန်းစစ်ဆေးရေးဂိတ်နှင့် ဒေါပုံမြို့သစ်ရပ်ကွက်မှ စစ်ကောင် စီတပ်၏ နှစ်ထပ်ဘန်ကာတို့ကို ဖောက်ခွဲတိုက် ခိုက်ခဲ့သည်။

သတင်း

အထက်ပါ CDM တပ်သား မောင်ကောင်းညိမ်းသည် စစ်ကောင်စီတပ်တွင် ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းနောက်ဆုံးတာဝန်ထမ်းခဲ့သော အမြှောက်တပ်ရင်း (၃၈၄)မှာ မိုးမိတ်မြို့နယ်တွင် အခြေစိုက်သည့် တပ်ရင်းတစ်ခုဖြစ်သည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အရာတော်-မုံရွာလမ်းပိုင်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းပိုင်းခေတ္တပိတ်ထားခဲ့ပြီး ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်ယာဥ်အချိူ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။