Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကိုအသိအမှတ်မပြုဘဲ ပြန်လည်ထွက်ခွာတော့မည်ဟု ဗြိတိန်သံအမတ်အသိပေး

အာဏာသိမ်းပြီးနောက် သံအမတ်ကြီးအဖြစ်ရောက်ရှိလာသူ Pete Vowlesသည် မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီကို လက်ရှိအချိန်အထိ ၎င်း​၏ သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်းမရှိပေ။

Pete Vowles
Pete Vowles

▪️မြန်မာပြည်သူများနှင့်အတူရပ်တည်ကာ လုပ်နိုင်သမျှအားလုံးလုပ်ဆောင်မည်ဟု ကတိပြု

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသူ Pete Vowlesသည် အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုမပေး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဟု ယနေ့ အသိပေးသည်။

အာဏာသိမ်းပြီးနောက် သံအမတ်ကြီးအဖြစ်ရောက်ရှိလာသူ Pete Vowlesသည် မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီကို လက်ရှိအချိန်အထိ ၎င်း​၏ သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်းမရှိပေ။

“ဒီနေ့မှာပဲ မြန်မာနိုင်ငံက ကျွန်တော့်အချိန်တွေ အဆင်မပြေဘဲ အဆုံးသတ်ပါပြီ။ စစ်ကောင်စီက ပြန်လည်ထွက်ခွာဖို့ ဖိအားပေးတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် လူမဆန်တဲ့ အာဏာသိမ်းမှုကို တရားဝင်မှုပေးဖို့ ဖိအားပေးတာကိုတော့ ကျွန်တော်တို့ အလျှော့မပေးခဲ့ပါဘူး”ဟု ဗြိတိန်သံအမတ်ကြီး Pete Vowles က တွစ်တာမှ အသိပေးသည်။

မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးသည် ငြိမ်းချမ်းရေး၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုထက်ပို၍ မည်သည့်အရာမျှ မလိုချင်သော မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည်ဖြစ်ပြီး လုပ်နိုင်သမျှ လုပ်ဆောင်မည်ဟု ခိုင်မာစွာ ကတိကဝတ်ပြုကြောင်း အထက်ပါသံအမတ်က ဆိုသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံအများစုက သံတမန်ဆက်ဆံရေး တဆင့်လျှော့ထားပြီး တရားဝင်မှု မပေးပေ။

သို့သော် အိန္ဒိယ၊ ဆော်ဒီအာရေဗျ နိုင်ငံတို့က ၎င်းတို့​၏ သံအမတ်ကြီးများကို အာဏာသိမ်းစစ်ခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်စေကာ အသိအမှတ်ပြုမှု ပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ ​လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

သတင်း

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

သတင်း

"အခုလက်ရှိက မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေလဲ CDM ပါပဲ။ NUG အုပ်ချုပ်ရေး(ပြည်သူ့အုပ်ချုပ်ရေးယန္တရား) ကောင်း ကောင်းလည်ပတ်နိုင်နေပါပြီ"ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

သတင်း

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်မှ သေဆုံးထိခိုက်မှုများပြားကြောင်း ဒေသခံအချို့ကပြောသော်လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကမူ မှတ်ချက်ပေးခြင်းမရှိပေ။