Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

K4U ပညာကျောင်းနှင့်ဆက်စပ်ပြီး ကျောင်သူတစ်ဦးနှင့် ဆရာမတစ်ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူနှစ်ဦးမှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှ ကျောင်းသူတစ်ဦးနှင့် ရှမ်း ပြည်နယ်၊ ကလောမြို့နယ်မှ ကျောင်းဆရာမတစ်ဦးတို့ပါဝင်ကြောင်း ၎င်းတို့က ပြောသည်။

Kaung For You Education
Kaung For You Education

●ကျောင်းအုပ်ကိုင်တိုင်လည်း အဖမ်းခံထားရဟု သတင်းများထွက်နေ၊ ယခုဖြစ်ရပ်များအ​ပေါ် K4U ​ကျောင်းအုပ်ချုပ်​ရေးအဖွဲ့တာဝန်ယူရမည်ဟုအကရဗဟိုထုတ်ပြန်

Kaung For You Education တွင် ကျောင်းအပ်နှံထားသည့် ကျောင်းသူတစ်ဦးနှင့် သင်ကြားရေးတရာမတစ်ဦး စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မိသားစုဝင်များနှင့် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)ထံမှ သတင်းရရှိသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူနှစ်ဦးမှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှ ကျောင်းသူတစ်ဦးနှင့် ရှမ်း ပြည်နယ်၊ ကလောမြို့နယ်မှ ကျောင်းဆရာမတစ်ဦးတို့ပါဝင်ကြောင်း ၎င်းတို့က ပြောသည်။

Kaung For You Education
Kaung For You Education

“မနက်က Kaung For you Education မှာ စာသင်နေရင်း အဖမ်းခံလိုက်ရတာပါဗျာ။ သူနဲ့ ကျောင်းကိစ္စ ပြောဖူးတဲ့သူတွေရှိရင် ရှောင်ပေးကြပါဗျာ။ နေရာလိပ်စာ တိတိ ကျကျနဲ့ လာဖမ်းတာပါဗျာ။ မနက်စာမသင်ခင် အချိန်က Kaung For You Education က ဆိုပြီး ဖုန်းဆက်တယ်။ နေရပ်လိပ်စာနဲ့ ဖုန်းနံပတ် အတည်တကျပေးတဲ့။ ကျောင်းဖောင်ဖြည့်ဖို့ ဆိုပြီး တောင်းတာပါဗျာ။ လာဖမ်းတာ နေလယ် ၁၂ ထိုးမှာပါဗျာ”ဟု ဖမ်းဆီးခံရသည့် ကျောင်းသူ၏ အစ်ကိုဖြစ်သူက ပြောသည်။

ထိုသို့ဖမ်းဆီးရာတွင် စစ်ကောင်စီဘက်မှ အရပ်ဝတ်ဖြင့် လူကိုးဦးခန့်က ဧည့်စာရင်းစစ်သည်ဆိုကာ ခြံတံခါးဖွင့်ခိုင်းကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ညီမဖြစ်သူ၏ ဖုန်းနှင့် လက်တော့ပ်တစ်လုံးကိုလည်း ယူဆောင်သွားကြောင်း ၎င်းက ရှင်းပြသည်။

အလားတူ K4U ပညာရေးကျောင်းမှ သင်ကြားရေးဆရာမတစ်ဦးကိုလည်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၃)နေ့လယ် ၁၂ နာရီခန့်တွင် ဧည့်စာရင်းဝင်စစ်သည့်ပုံစံဖြင့် အရာဝတ်များဖြင့်လာရောက်ဖမ်းသွားခြင်းဖြစ်ကြောင်း အခြေခံ ပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)ဥက္ကဋ္ဌ ကိုလူမော်ဟိဏ်းက ပြောသည်။

“ဆရာမတစ်ဦးက နေ့လယ် ၁၂ နာရီဝန်းကျင် တောင်ကြီး၊ ကလောမြို့မှာ အရပ်ဝတ်တွေနဲ့ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖမ်းဆီးခံရတယ်။ ဒီနေ့လယ် ၁၂ နာရီဝန်းကျင်ပေါ့”ဟု ၎င်းက ဆက်​ပြောသည်။

Kaung For You Education
Kaung For You Education

Kaung For You Education နှင့်ပက်သက်ပြီး ကျောင်းသားကျောင်းသူများနှင့် မိဘများအား အ.က.လ.ဗဟိုနှင့် ကျောင်းသားအဖွဲ့အစည်းများက အသိပေးထုတ်ပြန်ရာတွင် လက်ရှိ K4U တွင်တတ်ရောက်နေကြသောကျောင်းသား၊ သူများခင်ဗျာ၊ မိမိတို့တတ်ရောက်လျက်ရှိကြသည့် သက်ဆိုင်ရာအတန်း Telegram/Viber Group များထဲမှ Leave လုပ်ထားကြရန်နှင့် Telegram/Viber Name/UserName/Photo များအား ပြောင်းလဲထားကြရန်ပန်ကြားထားသည်။

ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသော K4U မှ ကျောင်းသူတစ်ဦး၏ အစ်ကိုဖြစ်သူမှ ပြောကြားရာတွင် ကျောင်းနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံရသူများရှိလာသောကြောင့် ကျောင်းတာဝန်ရှိသူများက ယနေ့(ဇူလိုင် ၁၃)နေ့လယ် ၁ နာရီမှစပြီး အတန်းအားလုံးကို ယာယီပိတ်လိုက်ကြောင်း အသိပေးလာသည်ဟု ဆိုသည်။

“ဂရုထဲမှာ ၇၀ ကျော်ရှိတယ်ဗျာ လူ။ အခုတော့ ထွက်ကုန်ကြပြီ။ ဆရာမတွေက ထွက်ခိုင်းလို့။ ၁ နာရီ မထိုးခင်မှာ ဂရုထဲကို ကျောင်းယာယီပိတ်ပြီလို့ စာပို့ပါတယ်ဗျာ”ဟု လူထုနွေဦးသို့ ပြောသည်။

လက်ရှိအခြေအနေတွင်Kaung For You Education(K4U) တည်ထောင်သူနှင့် ကျောင်းအုပ်ကြီးဖြစ်သူ ဦးကောင်းထိုက်စိုးသည်လည်း ယနေ့နံနက်အစောပိုင်းကတည်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

၎င်းနှင့်စပ်လျဥ်းပြီး K4U ပညာရေးကျောင်း Facebook Page မှ အသိပေးမှုထုတ်ပြန်ခဲ့သော်လည်း မိနစ်ပိုင်းခန့်တွင် Post ပြန်ဖြုတ်သွားပြီး ကျောင်းအုပ်ကြီးအဖမ်းခံရသည်ဆိုသောသတင်းမှာ အတည်မပြုနိုင်သေးသေးကြောင်း Post ကိုပြန်ဖြုတ်လိုက်ခြင်းဖြစ်ကြောင်း ဖြေရှင်းထားသည်။ အထက်ပါကိစ္စများနှင့်ပတ်သက်၍ K4U ထံဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

”ဆရာကြီး အဖမ်းခံရတယ်” ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကျွန်တော်/ကျွန်မတို့အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

သေချာရင် ဖေဖေမေမေနှင့် သားသားမီးမီးတို့ကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမှာ​ဖြစ်ပါတယ်။ မည်သည့်သတင်းကိုမှ ထိန်ချန်ခြင်း၊ သတင်းအမှောင်ချခြင်းမျိုး လုံးဝ(လုံးဝ)မလုပ်ပါခင်ဗျာ” ဟု K4U က​ကျောင်းအုပ်ဆရာအဖမ်းခံရသည်ဆိုခြင်းနှင့်ပတ်သပ်၍ ယ​နေ့နံနက်ပိုင်းတွင်ထုတ်ပြန်သည်။ ယင်း​နောက်ပိုင်းတွင် တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိ​သေး​ပေ။

“Kaung For You Education ရဲ့ စနစ်မကျတဲ့ လုပ်ကိုင်ပုံကို အပြစ်ဆိုရလိမ့်မယ်။ ဘာလို့ဆိုတော့ သူတို့အနေနဲ့ ဒီလိုတွေမစကတည်းက ကျွန်တော်တို့ကျောင်းသားအစုအဖွဲ့အားလုံးက အသိပေးခဲ့တယ်။ စာတွေထုတ်ခဲ့တယ်။ ချိတ် ဆက်လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်က ဘာမှသေ သေချာချာ ရေရေရာရာမလုပ်ကိုင်နိုင်ခဲ့လို့ ဒီလိုမျိုးဖြစ် လာတယ်လို့ပဲ ထင်ပါတယ်”ဟု အ.က.လ ဗဟိုဥက္ကဋ္ဌ ကိုလူမော်ဟိန်းက မှတ်ချက်ပေးသည်။

ဇူလိုင်လ (၁၃) ရက်နေ့တွင် “Kaung For You Education”မှ အသက်မပြည့်သေးသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေများမှ ခြိမ်းခြောက်မှုများအပြင် နေအိမ်များသို့ စာသင်နေချိန်အတွင်း လာရောက် ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်ခဲ့သည်အပြင်၊ ယနေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်တွင် ကလောမြို့တွင် နေထိုင်သည့် Kaung For You Education မှ ဆရာမတစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု မိမိတို့ အဖွဲ့ချုပ်မှ ကြားသိရှိရသည့်အပေါ် များစွာ စိတ်ပျက်မိပါသည်။“Kaung For You

Education”အနေဖြင့် ယခု ဖြစ်ပေါ်နေသော အခြေအနေများကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်သည့် အပေါ် ကိုလည်း မိမိတို့ အနေဖြင့် များစွာ စိတ်ပျက်မိသလို၊ လက်မခံနိုင်ဖွယ် ကိစ္စလည်းဖြစ်​ကြောင်း အ​ခြေခံပညာ​ကျောင်းသား​ရေးရာဗဟိုဌာနချုပ်(အကရဗဟို)က​လည်းယ​နေ့ကြေညာသည်။

“Kaung For You Education”ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ အဖွဲ့ချုပ်သို့ ကြုံတွေ့နေရ သော အခြေအနေများ၊ အကြောင်းအရာများကို သတင်းပေးပို့နိုင်ပြီး၊ မိမိတို့ဘက်မှ ကျောင်းသား၊ကျောင်းသူများသို့ အသိပေး နှိုးဆော်မှုများကိုလည်း ဆက်လက်၍ ပြုလုပ်သွားမည်ဖြစ်ပါသည်။ အခြေအနေများအပေါ် မိမိတို့ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်အနေဖြင့် ဆက်လက်၍ အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်းနှင့် ယခု ကိစ္စရပ်များ အပေါ် “Kaung For You Education” အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်ဟုအကရဗဟိုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Kaung For You Education ပညာရေးကျောင်းသည် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘအချို့၏ အချက်အလက်ပေါက်ကြားမှုများလည်း ရှေ့ပိုင်းတွင်ရှိခဲ့သည်။ ကျောင်းသားများ၏ ကိုယ်ရေးအချက်လက်အချို့ ပေါက်ကြားခဲ့ခြင်းမှာ အတွင်းလူမှ

တဆင့် အချက်လက်ရယူကာ ပူးပေါင်းကြံစည်မှုအဖြစ် စိစစ်တွေ့ရှိရပြီး ယင်းအခြေအနေအား အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်းK4Uက ဇူလိုင် ၈ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

သို့​သော်ယ​နေ့ ဖမ်းဆီးခံရသောဖြစ်စဥ်များနှင့်စပ်လျဥ်း၍ တစ်စုံတစ်ရာအသိပေးထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

လက်ရှိတွင် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိနိုင်ရေး ပြည်သူ့အခြေပြုကျောင်းများ၊ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ဆရာ၊ ဆရာမများလိုအပ်နေပြီး အဆိုပါကျောင်းများတွင် တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်သင်ကြားပေးကြရန် KSPက တိုက်တွန်းသည်။

သတင်း

သင်ကြားရေးဆရာ၊ ဆရာမများသာ သီးသန့်ခေါ်ယူထားသောကျောင်းများတွင် Kyaukpadaung Federal School နှင့် Power Of Education ကျောင်းများပါဝင်ပြီး မူ၊ လယ်၊ ထက် စသည့်အတန်းစဥ်အားလုံးအတွက် ခေါ်ယူထားသည်။

သတင်း

အဆိုပါ Non-CDMဆရာ၊ဆရာမ ​ခြောက်ဦးကို ဇွန်လ ၂၄ရက်တွင် KSPအမှတ်(၅)ရဲစခန်းရှိ ကရင်နီပြည်ရဲများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း - ၁၂ရှိ တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်သည်။

သတင်း

လက်ရှိ ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်များအပြင် စစ်ကောင်စီတပ်က ရခိုင်ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ ရက္ခိုင့်တပ်တော် AAက စစ်ကောင်စီအောက်ခြေတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းများ အပြန်အလှန်ပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။