Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်ပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက်ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို အဖွဲ့အစည်း ၄၄၈ ဖွဲ့တောင်းဆို

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

(၂၀၂၁ တွင် ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကျင်းပနေစဉ်)
(၂၀၂၁ တွင် ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကျင်းပနေစဉ်)

ရုရှားနှင့် မြန်မာ ပူးတွဲကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက် ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို အရပ်ဘက်အဖွဲ့အစည်း ၄၄၈ဖွဲ့တို့က ယနေ့ တောင်းဆိုလိုက်သည်။

မော်စကို၌ ကျင်းပမည့် ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကို အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ တောင်ကိုရီးယားနှင့်ဂျပန်တို့ မတက်ရောက်ရန် မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းမှအဖွဲ့အစည်း ၄၄၈ဖွဲ့တို့က အိတ်ဖွင့်ပေး စာပေးပို့ တောင်းဆိုခြင်းဖြစ်သည်။

အထက်ပါအစည်းအဝေးကို မိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့က သပိတ်မှောက်ကာ တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်သည်။

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ရေတပ်အပါအဝင် အကြမ်းဖက်စစ်အုပ်စုဆီကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။

နိုင်ငံတကာ

James Webb’s Telescopeဟာ အနန္တ စကြာဝဠာလို့ ညွှန်းဆိုရမယ့် ကျယ်ပြောလှတဲ့ အာကာသကြီးထဲက လူတွေ မသိနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းစီ ဖော်ထုတ်နိုင်ဖို့အတွက် သန်းနဲ့ချီတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးထားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နက်ဆာ ကာနာနီ ချာဖီကတော့ အီရန်နဲ့ ရုရှားတို့ကြား စစ်ရေး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ယူကရိန်းစစ်ပွဲ မတိုင်ခင် ကတည်းက သဘောတူညီမှု ရရှိထားတာလို့ ပြောပါတယ်။

သတင်း

ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ၂၀၂၁ မတ်လ ၁၂ရက်တွင် G1-99 ဗီဇာအား အထူးနေထိုင်ခွင့် ဗီဇာအဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံသားများ အနေဖြင့် အမိမြန်မာပြည် တည်ငြိမ်အေးချမ်းသည်အထိ ကိုရီးယားနိုင်ငံတွင် ခိုလှုံနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ပထမဆုံး ထုတ်ပေးခဲ့သည်ဟု ဆိုသည်။