Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်လူငယ် ၂၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားတယ်လို့ KNU ထုတ်ပြန်

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကျေးရွာပြည်သူလူထုတွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို ပြန်လွတ်ပေးခဲ့ပေမယ့် လူငယ်တွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNU
KNU

ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကရင်လူငယ်(၂၃)ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ လမ်းမပေါ်မှာ တနေကုန်ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်(၁၃)ရက်က ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်ထဲက ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနဲ့ ဝါးပင်စုကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ကျေးရွာပြည်သူလူထုတွေကို ဖမ်းဆီးခဲ့တာပါ။

ဒီလို ကျေးရွာနေပြည်သူလူထုကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းဥစ္စာတွေကိုလည်း အတင်းအဓမ္မယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကျေးရွာပြည်သူလူထုတွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို ပြန်လွတ်ပေးခဲ့ပေမယ့် လူငယ်တွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေအနက် ဗမာလူမျိုးတွေကို လက်ပြန်ကြိုးတုပ် ရိုက်နှက်ညဉ်းပန်းနှိပ်စက်ခြင်း မလုပ်ဘဲကရင်လူမျိုးကိုသာ လက်ပြန်ကြိုးတုပ်ပြီး လမ်းမပေါ်မှာ တနေကုန် ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့တာယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် မြို့ခံလူငယ် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

သတင်း

ဒီလို နိုင်ငံအဆင့်အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံရဲ့စနစ်တစ်ရပ်အဖြစ် ပြဌာန်းကျင့်သုံးနေတဲ့ စစ်ကောင်စီကို မိမိတို့က လက်နက်ကိုင်ခုခံနေတဲ့နည်းတူ တိုင်းသူပြည်သားတွေကလည်း အချင်းချင်းရိုင်းပင်လက်တွဲကြလျက် စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်တုံ့ပြန်ကြဖို့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ဥက္ကဌ စောလာဖို့က တိုက်တွန်းထားတာပါ။

သတင်း

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်၏ ယနေ့ ထုတ်ပြန်ချက်၌ “တစ်ဦးတစ်စုအသိုင်းအဝိုင်းတစ်ခုချင်းစီက အပြန်အလှန်ရပ်တည်မှု ပေးခြင်းဖြင့်သာလျှင် အာဏာရှင်အားအနိုင်ယူနိုင်မည်ဖြစ်သည်” ဟု ဖော်ပြသည်။

သတင်း

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး (၁၂၀ မမ)နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဇီးပြောင်းကျေးနယ်အုပ်စုရှိ ကညင်အိုင်၊ ကျောက်ရေတွင်း၊ ဇီးပြောင်းကျေးရွတွေက ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။