Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာရှင်ကို အနိုင်ယူရေး ပြည်သူများစည်းလုံးညီညွတ်စွာ ရပ်တည်တုံ့ပြန်ကြရန် KNU တိုက်တွန်း

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်၏ ယနေ့ ထုတ်ပြန်ချက်၌ “တစ်ဦးတစ်စုအသိုင်းအဝိုင်းတစ်ခုချင်းစီက အပြန်အလှန်ရပ်တည်မှု ပေးခြင်းဖြင့်သာလျှင် အာဏာရှင်အားအနိုင်ယူနိုင်မည်ဖြစ်သည်” ဟု ဖော်ပြသည်။

(စစ်အာဏာရှင် ဆန့်ကျင်​ရေးပြဘ်သူများက ဆန္ဒထုတ်​ဖော်ခဲကြစဥ်။ ။ဓါတ်ပုံ-The Guardian၊ CJ)
(စစ်အာဏာရှင် ဆန့်ကျင်​ရေးပြဘ်သူများက ဆန္ဒထုတ်​ဖော်ခဲကြစဥ်။ ။ဓါတ်ပုံ-The Guardian၊ CJ)

အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်နက်ကိုင် ခုခံနေသည့်နည်းတူတိုင်းသူပြည်သားများကလည်း အချင်းချင်းရိုင်းပင်းကာ စည်းလုံးညီညွတ်စွာ ရပ်တည်တုံ့ပြန်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) က တိုက်တွန်းလိုက်သည်။

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်၏ ယနေ့ ထုတ်ပြန်ချက်၌ “တစ်ဦးတစ်စုအသိုင်းအဝိုင်းတစ်ခုချင်းစီက အပြန်အလှန်ရပ်တည်မှု ပေးခြင်းဖြင့်သာလျှင် အာဏာရှင်အားအနိုင်ယူနိုင်မည်ဖြစ်သည်” ဟု ဖော်ပြသည်။

KNU (ဗဟို)၏ ချမှတ်ထားပေးသည့်အတိုင်း ပြည်သူပြည်သားများအားလုံးအတွက် လုံခြုံသည့် ကြားခံနယ်မြေများတည်ဆောက်ရေး၊ လေယာဉ်မပျံသန်းရနယ်မြေများပေါ်ထွက်လာရေးတို့အတွက် အပြည်ပြည်ဆိုင်ရာနှင့်သော်လည်းကောင်း၊ ခုခံတော်လှန်သူများ နှင့်ပူးတွဲဖြင့်သော်လည်းကောင်းလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီနှင့်အကြား အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာဆွေးနွေးညှိနှိုင်းများပြုလုပ်ခြင်းဖြင့် ပြည်သူများလုံခြုံမှုရရှိရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟုလည်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်က ထုတ်ပြန်သည်။

တရားမဝင်သိမ်းယူခဲ့သည့် စစ်ကောင်စီသည် ပြည်သူလူထုရွေးကောက်တင်မြောက်သော လူထုအစိုးရအားထောင်တွင်းအကျဉ်းချခြင်း၊ မတရားအရေးယူအပြစ်ပေးခြင်း၊ ကြီးလေးသည့်ဖြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့ပြီး ယခုတိုင်ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများ၏ ကျေးရွာ၊ နေအိမ်များအပေါ်သို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိနေပြီး တိုင်းပြည်တဝန်း၌ ရက်စက်မှု၊ သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့ဖြင့် နိုင်ငံအဆင့် အကြမ်းဖက်ပေါ်လစီကို ချမှတ်လုပ်ဆောင်နေသည်ဟု ဆက်လက်ဖော်ပြသည်။

ထိုသို့သောလုပ်ရပ်များကြောင့် ရပ်ရွာအိုးအိမ်များပစ်ခွာထွက်ပြေးတိမ်းရှောင်ရခြင်း၊ ကလေးငယ်များ စာသင်ယူနိုင်မှုအခွင့်အရေးပျက်ကွက်နေရခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများပျက်စီးခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ငွေကောက်ယူခြင်း၊ ပုဂ္ဂလိကပိုင်ပစ္စည်များသိမ်းယူခြင်းနှင့် လူ့အခွင့်အရေးများဆုံရှုံးခြင်းတို့ ဖြစ်ပွားနေသည်ဟုလည်း ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

နိုင်ငံတကာ

တိုကျို မြို့အနှံ့မှာတော့ ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံတွေကို တိုင်တစ်ဝက် နှိမ့်ချပြီး လွှင့်ထူထားကြတာ တွေ့ရပါတယ်။ နိဗ္ဗာန်ယာဉ်ဟာ ၁၉၉၃ ခုနှစ်မှာ အာဘေးက နိုင်ငံရေး နယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့ လွှတ်တော် အဆောက်အအုံ ရှေ့ကလည်း ဖြတ်မောင်းခဲ့ပါတယ်။

သတင်း

ဇူလိုင် ၁၂ ရက် နေ့လည် ၁၁နာရီခွဲခန့်တွင် တာမွေမြို့နယ် အောင်မင်္ဂလာလမ်းထိပ်၌ စစ်ကောင်စီကားများကို ဖောက်ခွဲရန် Urban Revolutionary Front (URF) အဖွဲ့နှင့်ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီပြုတ်ကျရေးအတွက် ဆောင်ရွက်ရာတွင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေးအပြင် မဟာမိတ်များနှင့်လည်း တတ်နိုင်သမျှတွေ့ဆုံဆွေးနွေးပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်းစေရေး အင်အားစုများဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

သတင်း

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီတပ်၏ မြ၀တီမြို့နယ် ဝေါ်လေဒေသ ဥကရစ်ထတပ်စခန်း တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။