Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် တစ်လအတွင်း အရပ်သားပြည်သူ ၁၇ဦးအသတ်ခံရပြီး PDF ၁၅ဦး ကျဆုံး

အကြမ်းဖက်စစ်တပ်၏ မီးရှို့သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းများကြောင့် အရပ်သားပြည်သူ ၁၇ဦးထက်မနည်းသေဆုံးခဲ့ရပြီး အသက် ၇၅နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပင် မီးရှို့သတ်ဖြတ်သွားခဲ့သည်။

(ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့်ကျေးရွာများအား တွေ့ရစဥ်။)

​အကြမ်းဖက်စစ်တပ်က ​နေအိမ်​ပေါင်း ၇၆၀ကျော်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၁၇ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ရဲ​ဘော် ၁၅ဦး ကျဆုံးကာ နေအိမ်​ပေါင်း ၇၆၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ KSO အဖွဲ့နှင့် ဒေသတွင်းသတင်းရင်းမြစ်များ၏ စာရင်းများအပေါ် အခြေခံကာ People’s Spring က စာရင်းချုပ်တွက်ချက်ထားခြင်း ဖြစ်သည်။

(ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့်ကျေးရွာများအား တွေ့ရစဥ်။)

ဧပြီ ၂၃ မှ မေ ၂၃ ရက်အထိ တစ်လတာကာလအတွင်း အကြမ်းဖက်စစ်တပ်သည် ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ရွာခန့်က နေအိမ်အလုံးပေါင်း ၇၆၈ အိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းများကြောင့် အရပ်သားပြည်သူ ၁၇ဦးထက်မနည်းသေဆုံးခဲ့ရပြီး အသက် ၇၅နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပင် မီးရှို့သတ်ဖြတ်သွားခဲ့သည်။

(ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့်ကျေးရွာများအား တွေ့ရစဥ်။)

အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်ရင်း ရဲဘော် ၁၅ ဦးကျဆုံးခဲ့ရသည်။

ခင်ဦးမြို့နယ်တွင် အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ အကြမ်းဖက်စစ်တပ်က ပြည်သူနှင့် ရဲဘော်ပေါင်း ၁၇၀ကျော် သတ်ဖြတ်ထားသည်။

ကျေးရွာပေါင်း ၄၀ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး မီးရှို့ဖျက်ဆီးခံရသည့်အိမ်ခြေ ၁,၅၁၄ လုံးထက်မနည်းရှိသည်။

(ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့်ကျေးရွာများအား တွေ့ရစဥ်။)

မီးရှို့ဖျက်ဆီးမှုမှာ မေလအတွင်းအဆိုးဆုံးဖြစ်ပြီး မေလ ၁ ရက်မှ ယနေ့အထိ နေအိမ်ပေါင်း ၄၃၃ ထက်လုံးမနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

အိမ်မွေးတိရစ္ဆာန် ကြက်၊ဝက်၊ဘဲ အကောင်ရေ ရာချီ၊ ခိုင်းနွား၊ ကျွဲ အကောင်ရေများစွာနှင့် ကား၊ထော်လာဂျီ၊ဆိုင်ကယ် အစီးပေါင်းများစွာ မရေမတွက်နိုင်အောင် ဖျက်ဆီးခံထားရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်။

သတင်း

အောင်ပွဲရဲ ကော်ဘရာစစ်ကြောင်းနဲ့ KNDO က ဗိုလ်စောအယ်စေးဝါးတပ်ဖွဲ့ဝင်ကို ဒေသခံပြည်သူတွေက အောင်သပြေ ပန်းကုံးတွေနဲ့ကြိုဆိုဂုဏ်ပြုခဲ့ပြီး မနက်စာနဲ့တည်ခင်းဧည့်ခံပေးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူထံကနေ သိရပါတယ်။

သတင်း

အကြမ်းဖက်စစ်တ​ပ်သည် မိုးကောင်းရွာအတွင်းရှိ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။