Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကောင်း စည်ပင်ရုံးအား ဝါဆိုသင်္ကန်းကပ်မှဟုဆိုကာ ငါးဆင့်ချိုင့်ပို့ပြီး ဖောက်ခွဲတိုက်ခိုက်ခံရ

ဖြစ်စဥ်မှာ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉ နာရီ ၂၀မိနစ်ခန့်တွင် Mask တပ်ထားသူတစ်ဦး မြို့နယ်စည်ပင်ရုံးထဲဝင်ရောက်လာပြီး စည်ပင်လက်ထောက်ညွှန်မှူး AD ဦးမျိုးသန့်ဇင်ထံ ဝါဆိုသင်္ကန်းကပ်မှဟုဆိုကာ စတီးငါးဆင့်ချိုင့်တစ်လုံးအား ရုံးဝန်ထမ်းဒေါ်လှစုစံမှတဆင့် ပေးပို့လာခြင်းဖြစ် ကြောင်း ဖော်ပြသည်။

(ဖောက်ခွဲတိုက်ခိုက်ခံရသော မိုးကောင်းစည်ပင်ရုံးအတွင်းပိုင်းအားတွေ့ရစဥ်)
(ဖောက်ခွဲတိုက်ခိုက်ခံရသော မိုးကောင်းစည်ပင်ရုံးအတွင်းပိုင်းအားတွေ့ရစဥ်)

●မိုး​ကောင်းမြို့ရှိရဲစခန်း၊တရားရုံး၊စ​သောစစ်​ကောင်စီရုံးများတွင်ချိုင့်များ၊အထုပ်များကို​သေချာစွာစစ်​ဆေးရန်စစ်​ကောင်စီညွန်ကြား

ကချင်ပြည်နယ် မိုးကောင်းမြို့ စည်ပင်သာယာရုံးအား ဝါ ဆိုသင်္ကန်းကပ်မှဟုဆိုကာ ငါးဆင့်ချိုင့်တစ်လုံးပေးပို့ပြီး ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရကြောင်း စစ်ကောင်စီလက် အောက်ခံ ရဲကြေးနန်းအရ သိရသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မိုးကောင်းမြို့ နယ် စည်ပင်ရုံးအတွင်း ထမင်းချိုင့်မှ တစ်ဆင့် ပေါ်ကွဲမှုဖြစ်ပေါ်သောကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များအကြား ကြောက်လန့်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များမှ ပြောကြား Myanmar Police CDM Channel – MPCC ကလည်း ဖော်ပြသည်။

ဖြစ်စဥ်မှာ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉ နာရီ ၂၀မိနစ်ခန့်တွင် Mask တပ်ထားသူတစ်ဦး မြို့နယ်စည်ပင်ရုံးထဲဝင်ရောက်လာပြီး စည်ပင်လက်ထောက်ညွှန်မှူး AD ဦးမျိုးသန့်ဇင်ထံ ဝါဆိုသင်္ကန်းကပ်မှဟုဆိုကာ စတီးငါးဆင့်ချိုင့်တစ်လုံးအား ရုံးဝန်ထမ်းဒေါ်လှစုစံမှတဆင့် ပေးပို့လာခြင်းဖြစ် ကြောင်း ဖော်ပြသည်။

ထို့နောက် ရုံးဝန်ထမ်းက AD ဦးသန့်ဇင်အားဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြရာ ၎င်းနှင့် ဆက်သွယ်ထားသည့် ဝါဆိုသက်န်းကပ်မရှိကြောင်း၊ ထိုချိုင့်မှာအန္တရာယ်ရှိနိုင်ကြောင်းပြောသဖြင့် တာဝန်ကျဝန်ထမ်း ဦးဖြိုးကိုကိုမှ ချိုင့်အားဖွင့်ကြည့်ရာ ဝါယာကြိုးများတွေ့ရှိ၍ ထွက်ပြေးစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကြေးနန်းတွင် ဖော် ပြသည်။

ယင်းပေါက်ကွဲမှုဖြစ်စဥ်ကြောင့် မိုးကောင်းမြို့ရှိ ရုံးဌာနများနှင့် ရဲစခန်းတို့တွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအပါအဝင် ရဲစခန်း၊ တရားရုံးစသည်တို့၌ ဧည့်တွေ့လာရောက်ခြင်း၊ ပါဆယ်ပို့ခြင်း၊ ချိုင့်နှင့် အထုပ်အပိုးများပို့ခြင်းကို သေချာစစစ်ရန်နှင့် မသက်ာပါက ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီအဆင့်ဆင့်က ညွှန်ကြားထားသည်ဟု အထက်ပါရဲကြေးနန်းက ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

တိုက်ခိုက်မှု ဖြစ်စဥ်များအနက် SDF ရဲဘော်များ အန္တရာယ်ကင်းစွာဆောင်ရွက်နိုင်ခဲ့သည်ဟူ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

News

"အထိအခိုက်တော့ မသိရသေးဘူး။စကစက ကောင်တွေ လာစစ်ဆေးတာနဲ့ ကင်းပုန်းဝပ်တာ တွေတော့ ရှိတယ်"ဟု MSRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

News

ယနေ့နံနက် ၁၁ နာရီ ၁၅ခန့်တွင် လှိုင်သာယာရုံးရှေ့မှတ်တိုင်အနီး မြို့မရဲစခန်းမျက်နှာစာရှေ့၌ ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

News

အနောက်ဘက်ခြမ်းမှလူများအား ငဲ့ညှာသောအားဖြင့် လွတ်ကင်းရာနေရာတွင်သာ ဖောက်ခွဲခဲ့ကြောင်း၊ ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း မြို့ပြပြောက် ကျားအဖွဲ့များက ပြောသည်။