Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများပံ့ပိုးမှုဖြင့် ကျည်ဆံများနှင့် အီနာဂါဗုံးသီးအချို့ဝယ်ယူထားကြောင်း ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၁) အသိပေး

ကော်ဘရာစစ်ကြောင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Cobra Column ကို မသမာသူ အကြမ်းဖက်အုပ်စုက နှောက်ယှက်နေ၍ 5 Starပေးပြီး Good Review များရေးပေးကြရန်လည်း တောင်းဆိုထားသည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း

ပြည်သူလူထုက ပံ့ပိုးသည့် ငွေကြေးများဖြင့် အီနာဂါဗုံးသီးနှင့် ကျည်များကိုဝယ်ယူထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ဖြစ်သော ကော်ဘရာစစ်ကြောင်း၏ တပ်ခွဲ(၁)က ထုတ်ပြန် သည်။

“အမြင်အားဖြင့် နည်းတယ်ထင်ရပေမယ့် တန်ဖိုးငွေ ၁၈ သိန်းကျော်ခန့်အကုန်ကျခံပြီး ပွဲကဖို့ဝယ်ယူစုဆောင်းထားတဲ့ လက်နက်ခဲယမ်းတချို့ဖြစ်ပါတယ်။ စုစုပေါင်း ၂၅ သိန်းဖိုးခန့် ဝယ်ယူထားပြီး ထပ်မံရရှိအောင်လည်းကြိုးစားနေပါတယ်။လမ်းကြောင်းအခက်အခဲတွေကြောင့် ဝယ်ယူရခက်ခဲမှုများ ရှိပါတယ်။”ဟု ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၁)က ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၁)၏ YouTube Channel ချိန်နယ်၌ ကြော်ငြာများ စဝင်နေပြီဖြစ်၍ ပိုမိုအားစိုက်ကြည့်ရှုပေးကြရန် နှင့် YouTube Channel က ရသည့် ငွေကြေးဖြင့် မကြာမီ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း

ထို့အပြင် ပံ့ပိုးထား​သည့် အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းများကိုပြန်လည်ထုတ်ပေးနိုင်ရန် ကြိုးစားနေကြောင်း၊ ပြည်သူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

ကော်ဘရာစစ်ကြောင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Cobra Column ကို မသမာသူ အကြမ်းဖက်အုပ်စုက နှောက်ယှက်နေ၍ 5 Starပေးပြီး Good Review များရေးပေးကြရန်လည်း တောင်းဆိုထားသည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း

ကော်ဘရာစစ်ကြောင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် မြ၀တီ – ဝေါ်လေလမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်များ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး မျိုးစုံ ၁၆၀ကျော်၊ ကျည်ဆံမျိုးစုံ ၁၂,၀၀၀ ကျော်နှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် ယခင်က စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် ရင်ဆိုင်ခဲ့သော်လည်း လက်ရှိတွင် လိုအပ်ရင် ရင်ဆိုင်တိုက်ပွဲဆင်နွှဲပြီး ရန်သူ့စစ်ကြောင်း ရန်သူ့တပ်ကို ချေမှုန်းနိုင်သည့် အစွမ်းအစရှိနေပြီဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

သတင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်(၇)ရက်ကစတင်ပြီး ဇူလိုင်(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

သတင်း

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီယာဉ်တန်း မင်းတပ် - မတူပီ လမ်းအတိုင်း မတူပီသို့ သွားပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားရန် ပြင်ဆင်ထားသည်ဟု အသိပေးသည်။

နိုင်ငံတကာ

အခုလိုမျိုး ကဏ္ဍစုံမှာ အကျပ်ရိုက်နေခြင်းကြောင့်လည်း အစိုးရ အနေနဲ့ ဒုစရိုက် ဂိုဏ်းတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း လျော့နည်းသွားပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အရှိန်မြင့်လာတာလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။