Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်း ထရမ့်ရဲ့ ဇနီးဟောင်း မတော်တဆမှုနဲ့ ကွယ်လွန်

အိုင်ဗာနာဟာ ထရမ့်မတိုင်ခင်က တစ်ကြိမ် လက်ထပ်ခဲ့ဖူးပြီး သူ့ရဲ့ ပထမဆုံး အိမ်ထောင်ဖက်က ဩစတြီးယား နှင်းလျှောစီး နည်းပြ အဲလ်ဖရက်ဒ် ဝင်ကယ်လ်မေယာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေသာ ဖြစ်ကြပြီး အိုင်ဗာနာက အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ရချင်လို့ စာချုပ်စာတမ်းအရ လက်ထပ်ခဲ့တာသာ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အမေရိကန် သမ္မတဟောင်း ထရမ့်ရဲ့ ဇနီးဟောင်း မတော်တဆမှုနဲ့ ကွယ်လွန်
အမေရိကန် သမ္မတဟောင်း ထရမ့်ရဲ့ ဇနီးဟောင်း မတော်တဆမှုနဲ့ ကွယ်လွန်

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ဇနီးဟောင်းဖြစ်သူ သေဆုံးမှုဟာ မတော်တဆမှု သက်သက်သာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ကြေညာခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ် အိုင်ဗာနာ ထရမ့်ဟာ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ဆောင့်မိတဲ့ ဒဏ်ရာကြောင့် ကွယ်လွန်ခဲ့တာလို့ စစ်ဆေးမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အိုင်ဗာနာဟာ သမ္မတဟောင်း ထရမ့်ရဲ့ ပထမ ဇနီးဖြစ်ပြီး ဒေါ်နယ်လ်ထရမ့် ဂျူနီယာ၊ အိုင်ဗန်ကာ ထရမ့်နဲ့ အဲရစ်ထရမ့်ဆိုတဲ့ သားသမီး ၃ ယောက် ရရှိထားပါတယ်။

ချက်ကိုဆလိုဗက်ကီးယားမှာ မွေးဖွားခဲ့တဲ့ အိုင်ဗာနာဟာ ဘီလီယံနာ သူဌေးကြီး ထရမ့်နဲ့ ၁၉၇၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၅ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အမေရိကန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ အိုင်ဗာနာဟာ ဇူလိုင် ၁၄ ရက်မှာ နယူးယောက်မြို့၊ ကိုယ်ပိုင် တိုက်ခန်း လှေကားကနေ ခြေချော်ကျခဲ့တာလို့ သိရပါတယ်။

အိုင်ဗန်နာဟာ လှပပြီး ထူးခြားတဲ့၊ အံ့ဩစရာတွေ ပြည့်နှက်နေတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပြီး သူ့ဘဝမှာ ကောင်းမွန် ခမ်းနားတဲ့ လွှမ်းမိုးမှုတွေ ရှိစေခဲ့တယ်လို့ သမ္မတဟောင်း ထရမ့်က အမှတ်တရ ဆိုပါတယ်။ ထရမ့် ဇနီးမောင်နှံဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတောအတွင်း နယူးယောက်မှာ လူသိများတဲ့ စုံတွဲဖြစ်ခဲ့သလို သူတို့ရဲ့ ကွာရှင်းမှု သတင်းကိုလည်း လူထုက အထူးတလည် စိတ်ဝင်စားခဲ့ပါတယ်။

အိုင်ဗာနာဟာ ထရမ့်မတိုင်ခင်က တစ်ကြိမ် လက်ထပ်ခဲ့ဖူးပြီး သူ့ရဲ့ ပထမဆုံး အိမ်ထောင်ဖက်က ဩစတြီးယား နှင်းလျှောစီး နည်းပြ အဲလ်ဖရက်ဒ် ဝင်ကယ်လ်မေယာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေသာ ဖြစ်ကြပြီး အိုင်ဗာနာက အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ရချင်လို့ စာချုပ်စာတမ်းအရ လက်ထပ်ခဲ့တာသာ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဝင်ကယ်လ်မေယာနဲ့ လက်ထပ်လိုက်တဲ့အတွက် အိုင်ဗာနာ အနေနဲ့ ကွန်မြူနစ်ဝါဒ ကျင့်သုံးနေတဲ့ မိခင်နိုင်ငံကနေ တရားဝင် ထွက်ခွာခွင့် ရခဲ့ကြောင်းလည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

တိုကျို မြို့အနှံ့မှာတော့ ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံတွေကို တိုင်တစ်ဝက် နှိမ့်ချပြီး လွှင့်ထူထားကြတာ တွေ့ရပါတယ်။ နိဗ္ဗာန်ယာဉ်ဟာ ၁၉၉၃ ခုနှစ်မှာ အာဘေးက နိုင်ငံရေး နယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့ လွှတ်တော် အဆောက်အအုံ ရှေ့ကလည်း ဖြတ်မောင်းခဲ့ပါတယ်။

သတင်း

"စစ်ကောင်စီထောက်တိုင်ကိုဖြုတ်ဖို့ အသက်နဲ့ရင်းပြီး mission လုပ်ခဲ့တဲ့ ရဲဘော်တို့ကို တာဝန်ယူမှု တာဝန်ခံမှုအတွက် LLPDF အနေနဲ့ လုပ်စရာရှိတာကို လုပ်နေကြပါတယ်"ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်ဟိန်းအား ယမန် နေ့(ဇူလိုင် ၉ ရက်) ည၁၁နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

မြန်မာနိုင်ငံ၌ စီးပွားရေး၊ ဒီမိုကရေစီ၊ လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးချုပ်ဟောင်း၏ တန်ဖိုးရှိသော အားပေးထောက်ပံ့မှုတို့ကို မြန်မာပြည်သူများအနေဖြင့် အစဉ်အမြဲ သတိတရရှိနေမည်ဟု သဝဏ်လွှာ၌ ဖော်ပြသည်။