Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရွာခံများကို ဓားစာခံအဖြစ်သုံးနေဟု KNU/PDF ကျောက်ကြီး ထုတ်ပြန်

“ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။

(KNU တပ်ဖွဲ့ဝင်များ ​တွေ့ရစဥ်)
(KNU တပ်ဖွဲ့ဝင်များ ​တွေ့ရစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ် အတွင်းတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံများကို ဓားစာခံအဖြစ် အသုံးပြုနေသည်ဟု KNU/PDFကျောက်ကြီးက ယနေ့ (ဇူလိုင် ၁၇ရက်) သတင်းထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ် နတ်သံကွင်း တောကြောင်ပေါက်ရွာမှ ဖမ်းခေါ်သွားသည့် ရွာသားများကို စစ်ကောင်စီတပ်က ပြန်မလွှတ်သေးကြောင်း၊ စစ်ကောင်စီက ရွာခံများကို ဓားစားခံအဖြစ် သုံးပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဖော်ပြသည်။ ရွာခံများမည်သည့်နေ့ရက်တွင်ဖမ်းဆီးခံရသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။

“ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။

KNU/PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေ၍ပြည်သူများ အနေဖြင့် သတိဖြင့် သွားလာကြရန်လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

" ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ"ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

သတင်း

သေနတ်အစစ်မရှိသေးသည့်အတွက်ကြောင့် လက်နက် ကြီးများကိုသာ အားထားတိုက်ပွဲဝင်နေရကြောင်း၊ ပွဲတိုင်းကျော် လက်နက်ကြီးများကို ယခင်ထက် ပိုမိုထုတ် လုပ်လျက်ရှိကြောင်း Tiger King ပြောက်ကျားတပ်ဖွဲ့ကအသိပေးသည်။

သတင်း

ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရသေးပေ။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် ယခင်က စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် ရင်ဆိုင်ခဲ့သော်လည်း လက်ရှိတွင် လိုအပ်ရင် ရင်ဆိုင်တိုက်ပွဲဆင်နွှဲပြီး ရန်သူ့စစ်ကြောင်း ရန်သူ့တပ်ကို ချေမှုန်းနိုင်သည့် အစွမ်းအစရှိနေပြီဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။