Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန်ရောက်မြန်မာများ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လူထုသပိတ် ပြုလုပ်

သူ့ကျွန်ဘဝကလွတ်မြောက်ရန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ယခုလက်ရှိ စစ်ကျွန်ဘဝက လွတ်မြောက်ရန် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြသည့် အာဇာနည်များကိုလည်း ဦးညွှတ်အလေးပြုခဲ့ကြသည်။

ဓာတ်ပုံ - Gary Rocchio
ဓာတ်ပုံ - Gary Rocchio

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ယမန်နေ့ (ဇူလိုင် ၁၆) ၌ Free Burma Action Committe-San Francisco အဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံသားများပူးပေါင်းပြီး အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် လူထုသပိတ်ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူထုသပိတ်ကို “(၆၈)ကြိမ်မြောက် အလံမလိပ် အသံမတိတ် ဆန်ဖရန်သပိတ်တိုက်ပွဲ” ခေါင်းစဥ်ဖြင့် ဆန်ဖရန်စစ္စကိုမြို့ City Hall ရှေ့တွင် ကျင်းပခဲ့သည်။

ဓာတ်ပုံ - Gary Rocchio
ဓာတ်ပုံ – Gary Rocchio

ပြည်ပရောက်မြန်မာများက “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ၊ “PDF ကို အားဖြည့်ပေး စစ်အစိုးရဖြုတ်ချရေး” စသည့် စာတန်းများ ကိုင်ဆောင်ပြီး NUG အစိုးရကိုထောက်ခံအားပေးကြောင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - Gary Rocchio
ဓာတ်ပုံ – Gary Rocchio

ထို့နောက် သူ့ကျွန်ဘဝကလွတ်မြောက်ရန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ယခုလက်ရှိ စစ်ကျွန်ဘဝက လွတ်မြောက်ရန် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြသည့် အာဇာနည်များကိုလည်း ဦးညွှတ်အလေးပြုခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် အာဇာနည်နေ့အကြို ပြိုင်ပွဲများအဖြစ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော ပြိုင်ပွဲနှင့် အာဇာနည်နေ့အ​ကြောင်း ကဗျာရွတ်ဆို ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသွားမည်​ ဖြစ်သည်။

နိုင်ငံတကာ

အမေရိကန် လေတပ်က ARRW စီမံကိန်းလို့ အတိုကောက် နာမည်ပေးထားတဲ့ စမ်းသပ်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်က ဘယ်လောက် ခရီးဝေးဝေး ပျံသန်းခဲ့သလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ ARRWလိုပဲ OpFiresလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ တခြား ဟိုက်ပါ ဆောနစ် ဒုံးကျည် တစ်စင်းကိုလည်း အမေရိကန်...

သတင်း

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

နိုင်ငံတကာ

James Webb’s Telescopeဟာ အနန္တ စကြာဝဠာလို့ ညွှန်းဆိုရမယ့် ကျယ်ပြောလှတဲ့ အာကာသကြီးထဲက လူတွေ မသိနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းစီ ဖော်ထုတ်နိုင်ဖို့အတွက် သန်းနဲ့ချီတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးထားခဲ့ပါတယ်။