Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်ကို ချက်ချင်းအရေးယူရန် ကုလလုံခြုံရေးကောင်စီသို့ သံအမတ်ကြီးတောင်းဆို

အာဏာသိမ်းချိန်မှစ၍ ကလေးသူငယ် ၁,၄၀၀ဦးကျော်ကို စစ်တပ်မှ အဓမ္မထိန်းသိမ်းဖမ်းဆီးခဲ့ပြီး စစ်တပ်သည် မိဘများအား လာရောက်အဖမ်းခံစေရန် ရည်ရွယ်၍​ ၎င်းတို့၏ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများလည်း ရှိနေသည်။

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း
မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း

▪️စစ်တပ်သည် ပြည်တွင်းဥပဒေများနှင့် ကုလသမဂ္ဂသဘောတူညီချက်များကို ဗြောင်ကျကျချိုးဖောက်၍ အစွမ်းကုန် ရက်စက်ကြမ်းကြုတ်နေ

မြန်မာစစ်တပ်သည် ပြည်တွင်းကလေးအခွင့်အရေးဆိုင်ရာဥပဒေနှင့် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာသဘောတူညီချက်များကို ဗြောင်ကျကျချိုးဖောက်၍ အစွမ်းကုန် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ကျူးလွန်နေကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ယမန် နေ့က လုံခြုံရေးကောင်စီ၏ “ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်ရန် တုံ့ဆိုင်းခြင်းမရှိသည့် အခြေအနေတွင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံရှိ ကလေးငယ်များကို ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းများတွင် ဖော်ပြသည့် တာဝန်ဝတ္တရားများနှင့်အညီ မြန်မာစစ်တပ်၏ လုပ်ရပ်များကို ရပ်တန့်ရန်လည်း ဆက်လက်တောင်းဆိုသည်။

ထို့အပြင် ထိန်းသိမ်းခံထားရသည့် ကလေးသူငယ်များ လွတ်မြောက်စေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာပြတ်သားစွာ ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်နေကြောင်း သံ အမတ်ကြီးက တိုက်တွန်းသည်။

နိုင်ငံတကာအသိုက်အဝန်းက မြန်မာကလေးများကို စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ​ ကာကွယ်တားဆီးရန် ထိရောက်ခိုင်မာသည့် အရေးယူဆောင်ရွက်မှု ချမှတ်အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက စစ်တပ်အာဏာ သိမ်းမှု၏ အကျိုးရလဒ်အဖြစ် ကလေးငယ်မျိုးဆက်သစ်တစ်ခု ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက သတိပေးသည်။

ယခုနှစ် အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ၌ မြန်မာကလေးသူငယ် ၄၆၂ ဦး အပေါ် ကျူးလွန်သည့် ဆိုးဝါးသော လုပ်ရပ် ၅၀၃ခုကို မှတ်တမ်းတင်ဖော်ပြထားပြီး ယင်းအကြမ်းဖက်လုပ်ရပ်အများစုကို စစ်တပ်မှ​ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် ကလေးသူငယ် ၇၇ ဦးကို သတ်ဖြတ်ကာ သေရာပါဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့ပြီး ၂၂၂ဦးကို စစ်သားသစ်အဖြစ် စုဆောင်းအသုံးပြုခဲ့ကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

အာဏာသိမ်းချိန်မှစ၍ ကလေးသူငယ် ၁,၄၀၀ဦးကျော်ကို စစ်တပ်မှ အဓမ္မထိန်းသိမ်းဖမ်းဆီးခဲ့ပြီး စစ်တပ်သည် မိဘများအား လာရောက်အဖမ်းခံစေရန် ရည်ရွယ်၍​ ၎င်းတို့၏ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများလည်း ရှိနေသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ကလေးငယ် ၇.၈ သန်း နီးပါးသည် ပညာဆက်လက်သင်ယူနိုင်ခြင်း မရှိဘဲ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ သန်းကျော်အနက် ၂၅၀,၀၀၀ ဦးသည် ကလေးသူငယ်များဖြစ်ကြောင်း သံအမတ်ကြီးက ကုလလုံခြုံရေးကောင်စီသို့ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

AI သုတေသနပြုစုသူများသည် ဇွန် ၂၅ မှ ဇူလိုင် ၈ ရက်အထိ ကရင်နီပြည် ဒီမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော် မြို့နယ်တို့ရှိ ပြည်သူ ၄၃ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသများတွင် စစ်တပ်နှင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေခဲ့ခြင်းဖြစ်သည်။

သတင်း

ဖေ့စ်ဘုတ်သည် ၂၀၁၈ ကတည်းက စစ်တပ်၏ များပြားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်အပါအဝင် စစ်တပ်နှင့်ဆက်စပ်သော ပုဂ္ဂလိကအကောင့်များနှင့် အဖွဲ့အစည်းများ၏စာမျက်နှာ ၂၀ ကို စတင်ပိတ်ပင်ခဲ့သည်။

သတင်း

ဆက်လက်ပြီး “ဒီမိုကရေစီတိုင်းပြည်တစ်ခု၊ ဒါ့အပြင် မြန်မာ့အိမ်နီးချင်းတစ်ရပ်လည်းဖြစ်တဲ့ အိန္ဒိယအစိုးရအနေနဲ့ စစ်ရာဇဝတ်ကောင်တွေ၊ တရားမဝင်စစ်ကောင်စီတွေနဲ့ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

သတင်း

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။