Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ်တွင် တလုပ်PDFစခန်းအား မီးရှို့ ဖျက်ဆီးခံရ

တလုပ်PDF အဖွဲ့သည် မြင်းခြံမြို့နယ်၊ တလုပ်မြို့မှပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း အခြေစိုက်PDF အဖွဲ့များနှင့်ပါ ပူးပေါင်း၍ အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက်ရှိသည်။

(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)
(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တလုပ်PDF စခန်းအား မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇူလိုင်လ ၁၉ရက်) တလုပ် PDFစခန်းအား စစ်ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီး မီးရှို့ပြီး မြစ်ဆုံရွာ၏ အရှေ့ဘက် ညောင်ကားယား ကျေးရွာသို့ ဦးတည်ထွက်ခွာသွားကြောင်း တလုပ်PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စခန်းမီးရှို့ခံလိုက်ရခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိသဖြင့် ကူညီပံ့ပိုးပေးကြရန် တလုပ်PDFက မေတ္တာရပ်ခံသည်။

(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)
(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)

ပြီးခဲ့သည့် မေလ၇ ရက်ကလည်း စစ်ကောင်စီတပ်နှင့် မြောင်နယ်ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တလုပ်PDF စခန်း စီးနင်းမီးရှို့ ခံခဲ့ရကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။

ယခုဖြစ်စဥ်နှင့်ပတ်သက်၍ တလုပ်PDF တာဝန်ရှိသူက “ဒုတိယအကြိမ် ထပ်မံမီးရှို့ ခံရခြင်းဖြစ်ပါတယ်။ လက်နက်တွေဘာတွေတော့ ပါမသွားဘူးဗျ။ ၂ကြိမ်လုံးမှာ စခန်းအဆောက်ဦး၊ ရိက္ခာ၊ စစ်သုံးပစ္စည်းများနဲ့ အဝတ်ထည်များပါ ဆုံးရှုံးခဲ့ပါတယ်။”ဟု ပြောကြားသည်။

ဇူလိုင် ၁၇ရက် နံနက်ပိုင်းကလည်း ကျောက်ရစ်ကျေးရွာမှ ထွက်ခွာလာသော အင်အား ၈၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် မြစ်ဆုံကျေးရွာသို့ ဦးတည်ထွက်ခွာလာရာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဆည်ရွာကျေးရွာရှိ အသက် ၂၀ခန့် အမျိုးသမီးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တလုပ်PDFက အသိပေးသည်။

(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)
(မီးရှို့ဖျက်ဆီးခံရသော တလုပ်PDF စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF-Taloke)

ထို့နောက် မြစ်ဆုံကျေးရွာသို့ ရောက်ရှိလာပြီး နှစ်ရက်ကြာ ညအိပ်တပ်စွဲစဥ် ရေကြောင်းမှ စစ်သ​င်္ဘောများ ဆန်တက်လာခြင်း၊ လေကြောင်းမှ စစ်ရဟတ်ယာဥ်များ ပျံဝဲခြင်းတို့ကြောင့် တိုက်ပွဲဖော်ဆောင်ရန် အခွင့်မသာ ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

တလုပ်PDF အဖွဲ့သည် မြင်းခြံမြို့နယ်၊ တလုပ်မြို့မှပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း အခြေစိုက်PDF အဖွဲ့များနှင့်ပါ ပူးပေါင်း၍ အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယမန်နေ့ (ဇူလိုင် ၁၉ ရက်)ည ၈ နာရီ ၁၀မိနစ်ခန့်တွင် စနိုက်ပါတပ်ဖွဲ့မှ စမိုးရဲကင်းအား အီနာဂါဗုံး (၄၀) မမ၊ (၇၉) မမများအပါအဝင် ရှေ့ထွက်မိုင်း၊ တာဝေးပစ်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း၊ သတိပေးချက်ကို လိုက်နာကြရန် Salin Gyi GZ Local Pdf၊ One Star Task Force၊ Young People Force စသည့် ညီနောင်မဟာမိတ်တပ်ပေါင်းစုများက သတိပေးသည်။

သတင်း

"တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ရုပ်သံဖိုင်တွင် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့မှလူငယ်အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ယောက်ချင်းစီအား အမည်နေရပ်လိပ်စာပြောခိုင်းကာတုတ်ဖြင့်တင်ပါးကိုတစ်ဦးလျှင်သုံးချက်စီရိုက်ကာ ဒဏ်ပေးနေခြင်းဖြစ်သည်။