Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာ​ဈေး ၂၅၀၀ ကျပ်အထိတက်လာ

အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် အမေရိကန်တစ်ဒေါ်လာကို ၁၃၂၀ ကျပ်ပေါက်ဈေးရှိခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင်နှိုင်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၈၉ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ-EPA
ဓါတ်ပုံ-EPA

●အာဏာမသိမ်းခင်နှင့်နှိုင်းယှဥ်လျှင် ကျပ်​ငွေတန်ဖိုးတစ်နှစ်ခွဲအတွင်း ၉၀ ရာခိုင်နှုန်းခန့်ကျဆင်း

စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ခွဲကျော်ကြာမြင့်ချိန်တွင် ကျပ်ငွေတန်ဖိုး ၉၀ ရာခိုင်နှုန်းခန့်ကျဆင်းပြီး ယ​နေ့(ဇူလိုင်၂၀ )တွင် တစ်ဒေါ်လာကို ကျပ် ၂၅၀၀ အထိပေါက်ဈေးရှိလာသည်။

အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် အမေရိကန်တစ်ဒေါ်လာကို ၁၃၂၀ ကျပ်ပေါက်ဈေးရှိခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင်နှိုင်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၈၉ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။

“ဒေါ်လာဈေးကွက်က ပျက်သွားပြီ အရောင်းအဝယ်က ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်သွား”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း အရောင်းအဝယ်အဖြစ်ဆုံးနှုန်းမှာ တစ်ဒေါ်လာ ၂၄၅၀ကျပ်ဖြစ်ပြီး အချို့အရောင်းအဝယ်များတွင် တစ်ဒေါ်လာ ၂၅၀၀ကျပ်အထိရှိလာသည်ဟု ၎င်းကဆက်​ပြောသည်။

သို့သော်လည်း ဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်လုပ်သူများကို စစ်ကောင်စီက ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင့် ပေါ်တင်အရောင်းအဝယ်မလုပ်ရဲကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။

၂၀၂၂ ဇူလိုင်လတွင် ထုတ်ပြန်ထားသော ကမ္ဘာ့ကုန်သွယ်ရေးအချက်အများအရ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုသည် ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟုဆိုထားသည်။

ထိုသို့ငွေကြေးဖောင်ပွလာခြင်းကြောင့်ဆန်၊ဆီနှင့်အခြေခံစားသောက်ကုန်များအပါအဝင်ကုန်ဈေးနှုန်းလည်းအဆမတန်မြင့်တက်လာသည်။

လက်ရှိတွင်စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါးစသည့်ပြည်ပမှတင်သွင်းရသည့်ကုန်ပစ္စည်းများလည်း အဆမတန်ဈေးမြင့်တက်လာသည်။

“ဆန်ဈေးတွေလည်းတက်တယ်၊ဆန်အချောတွေဆိုရင်တစ်ပတ်တည်းကိုကျပ် ၇၀၀၀ ပတ်လည်းတက်သွားတယ်”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

ထိုအပြင်စားအုန်းဆီးဈေးမှာလည်း စစ်ကောင်စီကတစ်ပိသာ၃၆၆၅ကျပ်သတ်မှတ်ထားသော်လည်းပြင်ပပေါက်ဈေးတွင်တပိဿာလျှင်ကျပ် ၇၀၀၀ကျော်အထက်တွင်ရှိနေသည်။

ပြည်ပမှဆေးဝါးများမှာလည်း ဈေးကြီးမြင့်ပြီး ဝယ်ယူရန်အခက်အခဲဖြစ်နေသည်ဟု ဆေးဆိုင်ပိုင်ရှင်များကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၁စက်တင်ဘာ ၂၇ ရက်က တဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ ဇန်နဝါရီ၃၁ရက်တွင်တစ်ဒေါ်လာကို ၁၃၂၀ကျပ်သာရှိခဲ့သည်။

သတင်း

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အခက်အခဲတွေ့စေမှာသေချာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။

သတင်း

စစ်ကောင်စီနယ်စပ်ကုန်သွယ်မှုများကို ကျပ်ငွေနှင့်ဘတ်ငွေ၊ ကျပ်ငွေနှင့် တရုတ်ယွမ်တို့ဖြင့် ယမန့်နှစ်က ကုန်သွယ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဟု ပြန်လည်​ပြောင်းလဲခဲ့သည်။

သတင်း

ဒေါ်လာမှောင်ခိုဈေးကွက်တွင်ဇွန်လလယ်ကတစ်ဒေါ်လာလျှင် ၂၀၅၀ကျပ်သာရှိသော်လည်း ဇွန် တတိယပတ်မှစ၍ ဈေးဆက်တိုက်မြှင့်တက်လာခြင်းဖြစ်သည်။