Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ် (၅)မိုင်တိုးဂိတ်အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်၍ ဒေသခံ တစ်ဦး ဦးခေါင်းကျည် ထိမှန် အသက်ဆုံးရှုံး

(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်၍ ဒေသခံအမျိုးသမီးကြီးတစ်ဦး ကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ကြောင်း ‘ချိုမိုင်မိုင်’ ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ရိက္ခာလာပို့သည့်ယာဥ်ကို ထွက်စောင့်နေသော အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ ယနေ့နံနက် ၈ နာရီခွဲ့မှစတင်ကာ (၅)မိုင်တိုးဂိတ်အနီး (၃)ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့သို့တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ် ခဲ့ရာ တိုးဂိတ်အနီး ကျေးရွာတစ်ရွာဖြစ်သော ကွေ့ချောင်းကျေးရွာမှ အသက် ၅၀ခန့်အရွယ် ဒေါ်ခင်သိန်းမြင့်အား ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က မိုင်းဆွဲတော့ ခွေးတွေက ရမ်းသမ်းပစ်တယ်ဗျ။ အဲတာ ကွေ့ချောင်းရွာက စစ်ဘေးရှောင်နေတဲ့ပြည်သူကို ကျည်သွားမှန်တာ”ဟု ၎င်းက ဆိုသည်။

ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ် မှုကြောင့် ဒေါ်ခင်သိန်းမြင့်၏ ဦးခေါင်းသို့ ကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှု ပေးခဲ့သော်လည်း ယနေ့ညနေ ၆ နာရီ ၁၅မိနစ်ခန့်တွင် ယင်းဒဏ်ရာဖြင့် ပင်သေဆုံးသွားကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

“ကျည်ထိတာက မနက်ခင်းပိုင်းကဗျ။ ဦးခေါင်းထဲဝင်နေတာဗျ။ ကျည်က ထုတ်လို့မရဘူး”ဟု ၎င်းက ဆက်ပြောသည်။

(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါ ခရီးစဉ်အတွင်း၌ ဆွံ့အ နားမကြား မသန်စွမ်းအမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း CNOက ထုတ်ပြန်သည်။

သတင်း

စခန်းအားဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များမှာ ယနေ့(ဇူလိုင် ၂၀)နံနက်ပိုင်းအထိ စခန်းမှထွက်ခွာ ခြင်းမရှိသေးဘဲ ကင်းပုန်းများဝပ်၍ စောင့်ကြည့်နေသည်ကို သိရှိရကြောင်း ထုတ်ပြန်သည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ MSPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်​ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေ အနေနှင့် ပတ်သက်ပြီးထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

“မင်းတပ်ကိုထွက်သွားတာ ၆၈စီး။အခုတော့ မင်းတပ်တော့မရောက်သေးဘူး။လမ်းတစ်ဝက် ကျော်ကျော်လောက်ရောက်နေပြီ”ဟု ကျောက်ထု ဒေသခံက ယနေ့နေ့လည်ပိုင်း၌ ပြောသည်။