Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာနေရာတည်မြဲရန်အောက်ခြေကို မငဲ့သည့်အာဏာသိမ်းခေါင်းဆောင်ကို ရှေ့တန်းရောက် တပ်သားများ ဆဲဆိုကြဟု CDMလုပ်လာ​သောစက်လက်ပစ်ဒုတပ်ကြပ်ပြော

စစ်​ကောင်စီတပ်သားများက မင်းအောင်လှိုင်ကို ဆဲဆိုနေသည့်အပေါ် ၎င်းအနေဖြင့် မူလက တားမြစ်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် Facebook မကြည့်တက်၍ ပြင်ပ အခြေအနေကို မသိခဲ့ရကြောင်း ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောသည်။

CDM စစ်သား ဒုတပ်ကြပ် ကျော်နိုင်စိုး
CDM စစ်သား ဒုတပ်ကြပ် ကျော်နိုင်စိုး

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ၎င်းအာဏာတည်မြဲရေးအတွက် အောက်ခြေကို မငဲ့ဘဲ လုပ်ဆောင်နေခြင်းကြောင့် ရှေ့တန်းရောက် စစ်သားများက မင်းအောင်လှိုင်ကို ဆဲဆိုနေပြီး တိုက်ခိုက်လိုစိတ်မရှိဖြစ်နေသည်ဟုကရင်အမျိုးသားအစည်းအရုံး(KNU) ထံ ရောက်ရှိနေသည့် CDM စစ်သား ဒုတပ်ကြပ် ကျော်နိုင်စိုး က ပြောသည်။

အမှတ် (၂၀၇) ခြေမြန်တပ်ရင်းမှ ဒုတပ်ကြပ်ကျော်နိုင်စိုးနှင့် အဖွဲ့သည် ဇူလိုင် ၁၆ရက်နေ့တွင် တပ်မှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း Salween Press က ဖော်ပြသည့် ရုပ်သံတွင် ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောပြထားသည်။၎င်းတို့တပ်သည်မြဝတီ-​ဝေါ​လေလမ်းတွင် ​ကော်ဘရာစစ်​ကြောင်း၏တိုက်ခိုပ်မှု​ကြောင့်အထိနာခဲ့​သောတပ်များထဲမှတစ်ခုဖြစ်ပြီး ၊ဒုတပ်ကြပ်ကျော်နိုင်စိုးသည် စက်လက်ပစ်သူတစ်ဦးဖြစ်​ကြောင်း Salween Press က​ဖော်ပြသည်။

ဒုတပ်ကြပ်ကျော်နိုင်စိုး တပ်တွင်း စစ်သည်များ၏ စိတ်ခံစားမှု အခြေအနေများကိုလည်း ပြောပြခဲ့သည်။

စစ်​ကောင်စီတပ်သားများက မင်းအောင်လှိုင်ကို ဆဲဆိုနေသည့်အပေါ် ၎င်းအနေဖြင့် မူလက တားမြစ်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် Facebook မကြည့်တက်၍ ပြင်ပ အခြေအနေကို မသိခဲ့ရကြောင်း ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောသည်။

“ငါလိုးမ မင်းအောင်လှိုင်ဆိုရင် ဟေ့ကောင်မဆဲနဲ့၊ ကိုယ့်ထက်လည်း အသက်ကြီးတယ် မင်းအဖေလောက်လည်းကြီးတယ် မင်းဘာလို့ လျှောက်ဆဲနေလဲဆိုတော့ မဟုတ်ဘူးတဲ့ အဲဒီမအေလိုးစတက်ကတည်းကတိုင်းပြည်ကအေးအေးဆေးဆေးနေရတယ်လို့ မရှိဘူးတဲ့” ဟု ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောပြသည်။

ထို့ကြောင့် ၎င်းအနေဖြင့် အခြားသူများFacebook ကြည့်သည့် အချိန်တွင် သွားရောက်ကြည့်ရှုရာ အခြေအနေများကို သိရှိပြီးနောက် စစ်ကောင်စီခေါင်းဆောင်ကို၎င်းကိုယ်တိုင် အမြင်ကတ်ခဲ့ရကြောင်း ဒုတပ်ကြပ်ကျော်နိုင်စိုးက ပြောပြသည်။

“သူနေရာတည်မြဲဖို့အတွက်ကိုကျန်တဲ့သူကကောင်းကောင်းမှ မနေရတာ။ သူတို့က ပါးစပ်နဲ့ခိုင်းတာ အောက်က လူက မြေပြင်မှာ လက်တွေ့လုပ်ရတာ။ …။ အောက်ခြေမှာဘယ်လိုငတ်လား ပြတ်လားဆိုတာ ဘာမှမသိဘူး” ဟု ၎င်းက ဆက်​ပြောသည်။

၎င်းအနေဖြင့်လည်း ရှေ့တန်းကို ထွက်ရချိန်တွင် တိုက်ခိုက်ချင်စိတ် လက်နက်ကိုင်လိုစိတ် မရှိတော့ဘဲ တပ်ထဲ၌ နေရာသည်ကို မပျော်တော့ကြောင်း ဒုတပ်ကြပ်က ပြောပြသည်။

“သူတို့က ပြောမယ်ဆို အခုရှေ့တန်းထွက်တော့မယ်ဆိုရင်လည်း ၃ရက်ကြာမယ်ဆိုရင်လည်း ၂လ ကြာရင်ကြာသွားတယ်။တစ်ပတ်ကြာမယ်ဆိုပြီး ၂နှစ်လောက်ကြာရင်ကြာသွားတာ။ ကျွန်တော်တို့ ရခိုင်သွားတုန်းကလည်း တစ်ပတ်ဆိုပြီး သွားတာ ၂နှစ်လောက်ကြာသွားတယ်။ အခု လေးကေ့ကော်ဘက်ကို လာတော့လည်း တစ်ပတ်စာနဲ့ ကျွန်တော်တို့လာတယ်။ ၃ရက်စာနဲ့ ကျွန်တော်တို့လာတယ် ၂လ၊ ၃လ ကြာသွားတယ်” ဟု ဒုတပ်ကြပ်ကျော်နိုင်စိုးက ပြောသည်။

လေးကေ့ကော် စစ်မြေပြင်၌ ဆက်လက်ရှိနေပါက သေဆုံးထိခိုက် အဖမ်းခံရနိုင်ကြောင်းကို တပ်ခွဲမှူး ဗိုလ်မှူးဖြစ်သူနှင့် တိုင်ပင်ပြောဆိုဖြစ်ခဲ့ကြောင်းကိုလည်း ၎င်းက​ပြောသည်။

“ဒီပုံစံတိုင်းသာ ဆက်တိုက်မယ်ဆိုရင် ကျွန်တော်တို့ သေရင်သေ၊ မသေရင် တချိန်ချိန် အဖမ်းခံရမှာ။ ကျွန်တော်က မတိုက်ကို မတိုက်တော့ဘူး တိုက်ချင်တဲ့စိတ်မရှိတော့ဘူးလို့။ ကျွန်တော်ပြန်ချင်တဲ့ စိတ်ပဲရှိတယ်လို့။ လုပ်လည်းမလုပ်ချင်တော့ဘူး အဲဒီအလုပ်ကိုလို့။ ကျွန်တော်တို့ တပ်ခွဲမှူးပဲ။ ခွဲ(၃)တပ်ခွဲမှူးပဲ။” ဟုဒုတပ်ကြပ်က ပြောသည်။

KNU ထံ သွားရောက်မည်ဟု တပ်ခွဲမှူးအား ပြောပြရာတွင်လည်း တပ်ခွဲမှူး ဗိုလ်မှူးက ၎င်းလည်း လိုက်ချင်စိတ်ရှိပြီး လိုက်ရင်လိုက်မည်ဟု ပြောဆိုကြောင်း ဒုတပ်ကြပ်က ပြောပြသည်။

“အခု ကျွန်တော်လာတဲ့အချိန်မှာ သူ့တပ်စိပ်က အပေါ်ရောက်သွားပြီ။ ကျွန်တော်က ရေဆိပ်မှာ ဖြစ်နေတော့ သူမသိလိုက်ဘူး။ သိရင် လိုက်ရင်လိုက်မှာ” ဟု ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောသည်။

၎င်းနှင့်အတူ ၆ဦးထွက်ပြေးလာပြီး နောက်ပိုင်း၌ လူစုကွဲသွားကြောင်း၊ ထိုသို့ ထွက်ပြေးမလာခင် မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့တိုက်ပွဲ၌ ၎င်းတို့ဘက်က ကျဆုံးမှုရှိခဲ့ကြောင်း၊ ရိက္ခာပြတ်၍ ထမင်းမစားရသည့်နေ့များရှိကြောင်း၊ ရေငတ်ခဲ့ရကြောင်း ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းတပ်ဖွဲ့ဝင် ၄ဦး အနက် ၂ဦးသည် PDF တပ်ရင်း(၂) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေပြီး ကျန် ၂ဦးသည် PDF တပ်ရင်း(၁) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေသည်။

သတင်း

ဇူလိုင်၁၀ရက်ကလည်းချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂ မှတပ်သား ဇင်လင်းအောင်သည် CDF-Mindat ထံ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့သည်။

သတင်း

ကယားပြည်နယ်အတွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော CDM ဆရာ၊ ဆရာမများအား သမဂ္ဂမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လတွင် ပထမအကြိမ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ် အသီးသီးပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။

သတင်း

စစ်ကောင်စီ လက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ရရှိသော ဘွဲ၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဘုတ်အဖွဲ့သို့ မူရင်း၊ မိတ္တူများ အပ်နှံ၍ CDM ပြုလုပ်ကြောင်း ကျန်းကျိန် ဂတိ ခံဝန်ချက် ပြုလုပ်ကြရမည်ဟုလည်း ဖော်ပြထားသည်။