Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဲဇလီတံတားတိုက်ပွဲ၌ ကျဆုံးရဲဘော်များအတွက် တစ်လပြည့် ကောင်းမှုကို မိသားစုနှင့်အတူ ပြုလုပ်ခဲ့ဟု သရက်-ကံမ PDF အသိပေး

ဇွန်လ ၂၂ရက်က သရက်-ကံမ PDF များ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့၍ PDF ၁၂ဦး ကျဆုံးပြီး အချို့မှာ ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်၌ လက်နက် ၂၅လက်နှင့် ခဲယမ်းများဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

(သရက်၊ကံမ PDF တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး​နောက်​တွေ့ရစဥ်)
(သရက်၊ကံမ PDF တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး​နောက်​တွေ့ရစဥ်)

မကွေးတိုင်းပွင့်ဖြူမြို့နယ် မဲဇလီတံတား၌ ဇွန်လ ၂၂ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်များအတွက် တစ်လပြည့် ကောင်းမှုကုသိုလ်များကို ကျန်ရစ်သူမိသားစုများနှင့်အတူ သက်ဆိုင်ရာ ကိုးကွယ်မှု ဘာသာများအလိုက် ပြုလုပ်ခဲ့ကြောင်းသရက်-ကံမ PDFက ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်အပေါ် ကူညီစောင့်ရှောက်ပေးခဲ့ကြသည့် ပြည်သူများနှင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ စောင့်ရှောက်ပေးခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ရဲဘော်ရဲဘက်များ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ဖောပြသည်။

ထို့ပြင် ဖြစ်စဉ်အတွက် လှူဒါန်းကူညီခဲ့သည့် အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ၊ ရဲဘော်ရဲဘက်များဘေးကင်းလုံခြုံစွာ နေရပ်တပ်စခန်းအသီးသီးသို့ အမြန်ပြန်ရောက်နိုင်ရေး ကူညီစောင့်ရှောက်ပေးခဲ့ကြသည့်မကွေးတိုင်းအတွင်းမှ စလင်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ မင်းဘူး နဲ့ မင်းလှတို့မှ PDF အဖွဲ့များ၊ တော်လှန်ရေး တပ်ဖွဲ့များအားလုံးတို့ကို လေးစားစွာ ကျေးဇူးတင် မှတ်တမ်း ပြုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အထူးအားဖြင့် စေတုတ္တရာမှ မိဘပြည်သူများ၊ ပွင့်ဖြူမြို့နယ်မှ မိဘပြည်သူများ၊ ပကဖ နဲ့ PDF တပ်ဖွဲ့ဝင်များ အားလုံးကို အမှတ်တရ ကျေးဇူးတင် မှတ်တမ်းပြုအပ်သည်ဟု ဖော်ပြခဲ့သည်။

ဇွန်လ ၂၂ရက်က သရက်-ကံမ PDF များ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့၍ PDF ၁၂ဦး ကျဆုံးပြီး အချို့မှာ ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်၌ လက်နက် ၂၅လက်နှင့် ခဲယမ်းများဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇူလိုင် ၂၁ ရက်)မွန်းလွဲပိုင်းတွင် ရွှေကူမြို့နယ် မြို့ကုန်းရွာအထွက် ခိုလိပ်လမ်းအဆင်း၌ စစ်ကောင်စီ၏ ခလရ(၆၀၁)တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ပင်းတယတွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန် ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီ ကင်းစခန်းတစ်ခုကိုလည်း ဇွန် ၂၉ရက်တွင်JPGF တိုက်ခိုက်ခဲ့သည်။

သတင်း

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

သတင်း

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။