Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နာမည်ကျော် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များပါဝင်သရုပ်ဆောင်ထားသည့် လေဆန် ဇာတ်ကား We Click YouTube Channelတွင် တင်ထား

ယင်းဗီဒီယိုကို ဇူလိုင် ၁၇ရက် နံနက်တွင်တင်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ညနေမှသာတင်နိုင်ခဲ့ကြောင်း Click to Donate ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

နာမည်ကျော် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များပါဝင်သရုပ်ဆောင်ထားသည့် လေဆန် ဇာတ်ကား We Click YouTube Channelတွင် တင်ထား
နာမည်ကျော် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များပါဝင်သရုပ်ဆောင်ထားသည့် လေဆန် ဇာတ်ကား We Click YouTube Channelတွင် တင်ထား

နွေဦးတော်လှန်ရေးအတွက် ရှေ့တန်းမှတိုက်ခိုက်နေသည့် နာမည်ကျော်ကော်ဘရာစစ်ကြောင်း မှရဲဘော်များ ပါဝင်သရုပ်ဆောင်ထားသည့် လေဆန ဇာတ်ကားကို We Click YouTube Channel ၌ တင်ထားပြီဖြစ်၍ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

ကိုးမိနစ်ခန့်ကြာမြင့်သည့် ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ရှေ့တန်းတစ်နေရာ၌ ရိုက်ကူးထား ခြင်းဖြစ်သောကြောင့် ဖုန်းဖြင့်သာရိုက်ကူးထားပြီး နာမည်ကြီး အနုပညာရှင်များမပါဝင်သော်လည်း ပါဝင်သူများက အဆင်ပြေပြေ သရုပ်ဆောင်ထားသည်။

ရဲဘော်တစ်ဦး၏ အကြောင်းကိုအခြေပြု၍ ဇာတ်လမ်းဆင်ထားခြင်းဖြစ်ပြီး လေဆန်ခရီးဖြစ် သော်လည်း အောင်ပွဲရသည်အထိ တိုက်သွားမည့်အကြောင်း ကို တင်ဆက်ပေးထားသည်။

ယင်းဗီဒီယိုကို ဇူလိုင် ၁၇ရက် နံနက်တွင်တင်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ညနေမှသာတင်နိုင်ခဲ့ကြောင်း Click to Donate ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

“ဒီကာလကြီးထဲမှာအနယ်နယ် အရပ်ရပ်က တော်လှန်ရေး ရဲဘော်တစ်ချို့ တကယ် ကြုံနေရတဲ့ ဖြစ်ရပ်လေးတွေနဲ့ ပတ်သက်ပြီးသူတို့ ပေးချင်တဲ့ Message လေးကို ပေးနိင်ဖို့တတ်နိုင်သလောက်
သူတို့ကိုယ်တိုင် ကြိုးစားထားကြတာမို့ အားပေးကြပါဦးခင်ဗျာ။”ဟု မေတ္တာရပ်ခံထားသည်။

ယင်းဇာတ်ကားကြည့်ရှုပြီးသူများက ရင်ထဲကိုထိသည့်ဇာတ်လမ်းဖြစ်ပြီး အောင်ပွဲရကာ ရဲဘော်များ အိမ်အမြန်ပြန်နိုင်ရန် မှတ်ချက်ပေးထားသည်။

ဗီဒီယိုကြည့်ရှုသူများသည်နှင့်အမျှ အလှူငွေများရရှိမည်ဖြစ်ပြီး နာရီဝက်ခန့်ကြာ သည်အထိ ကြည့်ရှုသူ လေးထောင်ခန့်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကော်ဘရာစစ်ကြောင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Cobra Column ကို မသမာသူ အကြမ်းဖက်အုပ်စုက နှောက်ယှက်နေ၍ 5 Starပေးပြီး Good Review များရေးပေးကြရန်လည်း တောင်းဆိုထားသည်။

သတင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်(၇)ရက်ကစတင်ပြီး ဇူလိုင်(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

သတင်း

"ကိုဌေးအောင်က မှုခင်းသတင်းထောက်။ ဒီလူက စစ်ကောင်စီဘောမ မဘဲ ဖောက်ထွက်လာတဲ့ သတင်း ထောက်။ လူတော်တစ်ယောက်"ဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

အဆိုပါ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ဇူလိုင် ၁၃ရက်တွင် ထပ်မံ စောင့်ကြို တိုက်ခိုက်သကဲ့သို့ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စစ်ကြောင်း ထွက်ပြေးရာနောက်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။