Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာထူထောင်ဖို့ KFD ကူညီ

ဇူလိုင် ၁၃ ကနေ ၁၅ ရက်အထိ ၃ ရက်အတွင်း တမဲကလိုးနဲ့သဲဖိုးကလိုးကျေးရွာတွေမှာ ကူညီဆောင်ရွက်ခဲ့တာပါ။

ရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာထူထောင်ဖို့ KFD ကူညီ
ရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာထူထောင်ဖို့ KFD ကူညီ

ကော်သူးလေသစ်တောဌာန(KFD) က ကေအဲန်ယူ-ဒူးသထူခရိုင်ရှိကျေးရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာနှစ်ခုထူထောင်ဖို့ ရပ်ရွာလူထုကို ပံ့ပိုးကူညီခဲ့တယ်လို့ KFD က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၃ ကနေ ၁၅ ရက်အထိ ၃ ရက်အတွင်း တမဲကလိုးနဲ့သဲဖိုးကလိုးကျေးရွာတွေမှာ ကူညီဆောင်ရွက်ခဲ့တာပါ။

ရေဝေရေလဲဧရိယာတွေကို အကာအကွယ်ပေးခြင်းဖြင့် ရပ်ရွာလူထုတွေဟာ သူတို့ရဲ့ မျိုးဆက်တွေသာမက အနာဂတ်မျိုးဆက်တွေအတွက်ပါ လတ်ဆတ်သန့်ရှင်းတဲ့ရေကို ရရှိလာနိုင်မှာဖြစ်တယ်လို့ KFD က ဆိုထားပါတယ်။

အစဉ်အဆက် ဒေသခံနဲ့ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ ရေဝေရေလဲဒေသကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ စီမံခန့်ခွဲ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိတယ်လို့ KFD က ပြောကြားထားတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

မေးမြန်းခန်း

စစ်ဦးစီးချုပ်ရာထူးတာဝန်မှ အပြီးတိုင်ရပ်ဆိုင်းခြင်း ခံရသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ကော်သူးလေတပ်မတော် ဟူသည့် အမည်ဖြင့် ဖွဲ့စည်းမှု လုပ်ဆောင်ခဲ့သည့်အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအားPeople's Spring က ဇူလိုင် ၂၂ ရက်တွင်ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

သတင်း

​စောနယ်ဒါးမြက ​ကော်သူး​လေတပ်မ​တော်ဖွဲ့စည်း​ကြောင်း​ကြေညာပြီး ၊ KNLA ကအသိ့အမှတ်မပြု​ကြောင်း KNU က​စောနယ်ဒါးမြကိုထုတ်ပယ်လိုက်​ကြောင်း​ကြေညာချက်များထွက်လာရာ ပြည်သူအများစုက စစ်​ကောင်စီ​တော်လှန်​ရေးအ​ပေါ်ထိခိုက်မည်ကို စိုးရိမ်​နေကြသည်။

သတင်း

KNLAက သီးခြားထုတ်ပြန်သည့် သဘောထား ထုတ်ပြန်ချက်တွင် ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းသည် KNLA/KNDO ခေါင်းဆောင် တပ်မှူးများ၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီးမိမိတို့ တပ်မတော်တွင်း ထင်ယောင်ထင်းမှား ဖြစ်အောင်တမင်တကာ ဖန်တီး ဖွဲ့စည်းခြင်းသာ ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ပြီးခဲ့သည့် နှစ်ပတ်ကလည်း က အဆိုပါဒေသအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ လူဦးရေ ဒါဇင်ကျော် သေဆုံးထိခိုက်ရှိခဲ့ရာ ဒေသခံများ ကျီးလန့်စာစားသဖွယ် နေထိုင်သွားလာ၊ လုပ်ကိုင်စားသောက်နေရသည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။