Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNDO စစ်ဦးစီးချုပ် အဖြစ်မှ ရပ်ဆိုင်းခံရပြီးနောက် ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာ သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြအား KNUမှ ထုတ်ပယ်ရန်ဆုံးဖြတ်

KNLAက သီးခြားထုတ်ပြန်သည့် သဘောထား ထုတ်ပြန်ချက်တွင် ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းသည် KNLA/KNDO ခေါင်းဆောင် တပ်မှူးများ၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီးမိမိတို့ တပ်မတော်တွင်း ထင်ယောင်ထင်းမှား ဖြစ်အောင်တမင်တကာ ဖန်တီး ဖွဲ့စည်းခြင်းသာ ဖြစ်ကြောင်း ဖော်ပြသည်။

KNDO စစ်ဦးစီးချုပ် အဖြစ်မှ ရပ်ဆိုင်းခံရပြီးနောက် ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာ သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြအား KNUမှ ထုတ်ပယ်ရန်ဆုံးဖြတ်
KNDO စစ်ဦးစီးချုပ် အဖြစ်မှ ရပ်ဆိုင်းခံရပြီးနောက် ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာ သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြအား KNUမှ ထုတ်ပယ်ရန်ဆုံးဖြတ်

●ကော်သူးလေတပ်မတော် ဖွဲ့စည်းမှု အသိအမှတ်မပြုကြောင်း KNLA ကြေညာ

●စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ပြည်သူ့တော်လှန်ရေးကို ရှုပ်ထွေးမှု ဖြစ်စေသည့် လုပ်ရပ်ဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ် အဖြစ်မှ ရပ်ဆိုင်းခြင်းခံရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေ တပ်မတော် ကို ဖွဲ့စည်းကြောင်း ဇူလိုင် ၁၉ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ ယင်းဖွဲ့စည်းမှုကို လုံး၀လက်ခံ အသိအမှတ်မပြုကြောင်း KNU လက်အောက်ခံတပ်ဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကယနေ့ကြေညာချက်ထုတ်ပြန်သည်။

အလားတူ KNUကလည်း ယင်းသို့ ဖွဲ့စည်း မှုသည် ကရင့်အမျိုးသားတော်လှန်ရေး၊ စစ်အာဏာရှင်စနစ် ကို ဆန့်ကျင်တော်လှန်သည့် ပြည်သူ့တော်လှန်ရေးနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုကို ဖြစ်စေကြောင်းသတင်းထုတ်ပြန်ကာဗိုလ်မှူးချုပ်နယ်ဒါးမြ၏ လုပ်ရပ်ကြောင့် ၎င်းက KNU မှ ထုတ်ပယ်ရန် ယနေ့ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှဆုံးဖြတ်လိုက်သည်ဟု ဖော်ပြသည်။

“၎င်း(ဗိုလ်မှူးချုပ်နယ်ဒါးမြ)၏လုပ်ရပ်များသည်မိမိတို့နှင့် မသက်ဆိုင်တော့ပါကြောင်း သိစေအပ်ပါသည်” ဟု KNU က ထုတ်ပြန်ကာ ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုသည် KNU /KNLA နှင့် ပတ်သက်ခြင်းမရှိကြောင်း နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများ၊ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် ပြည်တွင်းပြည်ပပြည်သူလူထုနှင့် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးသို့ အသိပေးခဲ့သည်။

KNLAက သီးခြားထုတ်ပြန်သည့် သဘောထား ထုတ်ပြန်ချက်တွင် ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းသည် KNLA/KNDO ခေါင်းဆောင် တပ်မှူးများ၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီးမိမိတို့ တပ်မတော်တွင်း ထင်ယောင်ထင်းမှား ဖြစ်အောင်တမင်တကာ ဖန်တီး ဖွဲ့စည်းခြင်းသာ ဖြစ်ကြောင်း ဖော်ပြသည်။

KNDO စစ်ဦးစီးချုပ် အဖြစ်မှ ရပ်ဆိုင်းခံရပြီးနောက် ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာ သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြအား KNUမှ ထုတ်ပယ်ရန်ဆုံးဖြတ်
KNDO စစ်ဦးစီးချုပ် အဖြစ်မှ ရပ်ဆိုင်းခံရပြီးနောက် ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာ သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြအား KNUမှ ထုတ်ပယ်ရန်ဆုံးဖြတ်

“၁၉ရက်နေ့မှာ ဗိုလ်ချုပ်နယ်ဒါးက ကော်သူးလေအာမီဖွဲ့တာက ကျွန်တော်တို့ရဲ့ KNLA /KNDOနဲ့ဘာမှညှိနှိုင်းတိုင်ပင်မှုမရှိဘဲသူ့သဘောနဲ့သူ ဖွဲ့လိုက်တဲ့အပေါ်မှာကျွန်တော်တို့ တပ်မှူးတပ်သားတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူလူထုပဲဖြစ်ဖြစ် ထင်ယောင်ထင်မှားတွေရှိမှာစိုးလို့ သဘောထား ပြန်ပြီးတော့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။” ဟု KNLA တွဲဖက်စစ်ရေးချုပ်ဗိုလ်မှူးကြီးဖန်းလုံ့ဟိန်းကပြောသည်။

KNU၏ လမ်းညွှန်ရှေ့ဆောင်မှု၊ KNLA/KNDO ခေါင်းဆောင် တပ်မှူး/တပ်ဗိုလ်များ၏ဆန္ဒသဘောထားမပါရှိဘဲ တစ်စုတစ်ဖွဲ့ တစ်ဦးတစ်ယောက်၏ ဆန္ဒ သဘောထား ဖြင့်သာ ဖွဲ့စည်းလိုက်သော ယခု ကော်သူးလေတပ်မတော်ကို KNLA/KNDO တပ်မတော် အနေဖြင့် လုံး၀ လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းမှုအပေါ် KNLA/KNDO တပ်မှူး /တပ်ဗိုလ်/ တပ်သားများအားလုံး သတိကြီးစွာ ထားပြီး လေးလေးနက်နက် စဉ်းစားဆင်ခြင်နိုင်ရန် နှင့် ကရင်အမျိုးသားပြည်သူလူထု တစ်ရုံးလုံးမှ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် အသိပေး ရှင်းလင်း ထုတ်ပြန်လိုက်ကြောင်း KNLA၏ ကြေညာချက်၌ ဖော်ပြထားသည်။

KNU၏ ထုတ်ပြန်ချက်တွင်လည်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြ(KNU၏ ထုတ်ပြန်ချက်၌ စောနယ်ဒါးမြဟု ရေးသားထား)သည် KNDO စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်မှစ၍ စစ်ဦးစီးဌာနချုပ်နှင့် KNU၏ အဖွဲ့ခေါင်းဆောင်တစ်ဦး အနေဖြင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၊တာဝန် ၀တ္တရားများကို ချိုးဖောက်လေ့ရှိ၍၎င်းအားဦးဆောင်တည့်မတ်ခဲ့ရမှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ရသည်ဟုအသိပေးဖော်ပြထားသည်။

ယင်းသို့ ဖော်ပြချက်များအနက် ၂၀၂၁ ခုနှစ် မေလ ၃၁ရက်က မြ၀တီမြို့နယ် ဝေါ်လေဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် တံတား လုပ်ငန်းခွင်မှ KNDO တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသူများအနက်မှ အမျိုးသား ၂၅ဦးသတ်ဖြတ်ခဲ့မှု နှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ်နယ်ဒါးမြအား တာဝန်မှ ယာယီရပ်ဆိုင်းပြီးစုံစမ်းစစ်ဆေးရေးလုပ်ဆောင်ခဲ့မှုကို KNUက ဖော်ပြခဲ့သည်။

အဆိုပါ ဥပဒေပြင်ပ သတ်ဖြတ်မှု နှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးစဉ် ခေါင်းဆောင်တစ်ဦးအနေဖြင့်တာဝန်ယူ၊ တာဝန်ခံ စွာ ပူးပေါင်း ပါဝင်ရေး ပျက်ကွက်ခဲ့ပြီး နောက်ဆုံး KNU၏ တရားစီရင်ရေး လုပ်ငန်းစဉ်ကိုဆန့်ကျင်ရှောင်လွှဲခဲ့ကြောင်း၊ ထို့နောက် စောနယ်ဒါးမြအား ရာထူးမှ လုံး၀ ရပ်ဆိုင်းပြီး လစ်လပ်သွားသည့်KNDOစစ်ဦးစီးချုပ်နေရာအား ဗိုလ်မှူးကြီး စောရှီးလေအား အစားထိုး တာဝန်ပေးအပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ထို့ပြင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ၏လုပ်ရပ်ကြောင့်ဇွန်လဆန်းပိုင်းတွင် လူမှုကွန်ရက်၌ ပြန့်နှံ့ခဲ့သည့်ဥကရစ်ထစခန်းမှ ဖမ်းဆီးခြင်းခံရသည့် စစ်သုံ့ပန်းများအား ဥပဒေ ပြင်ပ သတ်ဖြတ်မှု နှင့်ပတ်သက်သည့် သံသယ ဖြစ်ဖွယ်ရာ ပါဝင်ပတ်သက်သူများအား KNU၏ တရားစီရင်ရေးဘောင်ထဲသို့ ပို့ဆောင်စစ်ဆေးသည့် လုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေခဲ့ကြောင်း ဖော်ပြထားသည်။

စောနယ်ဒါးမြစစ်ဦးစီးချုပ်အဖြစ် ဇူလိုင်၁၉ရက်တွင်လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် Kaw Thoolei Army ဖွဲ့စည်းရေသည် KNU၊ KNLA နှင့် ပတ်သက်ခြင်းမရှိကြောင်းကို နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ၊ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် ပြည်တွင်း ပြည်ပ ပြည်သူလူထုနှင့် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးသို့ လေးစားစွာဖြင့် အသိပေးအပ်ကြောင်း KNUကထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့သည့် နှစ်ပတ်ကလည်း က အဆိုပါဒေသအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ လူဦးရေ ဒါဇင်ကျော် သေဆုံးထိခိုက်ရှိခဲ့ရာ ဒေသခံများ ကျီးလန့်စာစားသဖွယ် နေထိုင်သွားလာ၊ လုပ်ကိုင်စားသောက်နေရသည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

သတင်း

ကျောင်းနှင့် ဆက်သွယ်ထားမိသူများအနေဖြင့် ဖုန်း sim ကဒ်များပိတ်ကာ sim အသစ်ပြောင်းထားကြရန် သိန်းငှက်ပြောက်ကျားတပ်က အကြံပြုသည်။ ထို့အပြင် Kaung For You ကျောင်းသို့ ပေးထားသော နေရပ်လိပ်စာများမှ အမြန်ဆုံးရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

Kaung For You ကျောင်း နှင့် ဆက်စပ်နေသူများအပါအဝင် CDM ဆရာ၊ ဆရာမများအား ပစ်မှတ်ထား ဖမ်းဆီးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

သတင်း

“ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။