Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တ​လေးတွင် ဖမ်းဆီးခံရသည့် ROM ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ယခုထိသတင်းမကြားရသေး

ရဲဘော်လင်းယုန်၏ သတင်းကို ယခုထိမကြားရသေးသလို မန္တလေးမြို့တွင် ဖမ်းဆီးခံရသော မြို့ပြပြောက် ကျားအဖွဲ့များမှာ စစ်ကြောရေးတွင် အချိန်ကြာမြင့်စွာနှိပ်စက်ခံနေရပြီး ထောင်သို့မရောက်ဘဲ သတင်းဖျောက်ခံနေရသည်ဟု ဆိုသည်။

ပြောက်ကျားတပ်ဖွဲ့ ROM မှ မန္တလေးတောင်ပေါ် တော်လှန်ရေးအလံ လွှင့်ထူခဲ့စဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
ပြောက်ကျားတပ်ဖွဲ့ ROM မှ မန္တလေးတောင်ပေါ် တော်လှန်ရေးအလံ လွှင့်ထူခဲ့စဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ရဲဘော်လင်းယုန်မှာ ယခုထိသတင်းမကြားရသေးကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့ Rangers of Mandalay – ROMက ယနေ့(ဇူလိုင် ၂၂)အသိပေးထုတ်ပြန်သည်။

“အဖွဲ့နဲ့ တွဲမိရင် ဖမ်းဆီးခံရတဲ့ ရဲဘော်အတွက်အခြေ အနေပိုဆိုးနိုင်လို့ အခုမှ သတင်းထုတ်ပြန်ရခြင်းဖြစ်ပါတယ်”လို့ ROM က ဖော်ပြသည်။

ရဲဘော်လင်းယုန်၏ သတင်းကို ယခုထိမကြားရသေးသလို မန္တလေးမြို့တွင် ဖမ်းဆီးခံရသော မြို့ပြပြောက် ကျားအဖွဲ့များမှာ စစ်ကြောရေးတွင် အချိန်ကြာမြင့်စွာနှိပ်စက်ခံနေရပြီး ထောင်သို့မရောက်ဘဲ သတင်းဖျောက်ခံနေရသည်ဟု ဆိုသည်။

ထို့အပြင် မန္တလေးမြို့တွင် CCTV version အသစ်များတပ်ဆင်ထားပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် ခက်ခက်ခဲဲခဲလှုပ်ရှား​နေရသော အခြေအနေဖြစ်ကြောင်း အသိပေးထားသည်။

Rangers Of Mandalay – ROM ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် စစ်ရေးလှုပ်ရှားမှု သုံးကြိမ်ပြုလုပ်ခဲ့ရာ ဇွန် ၁၅ ရက်တွင် မန္တလေးနန်းတွင်း၌အထိုင်ချထားသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ပေါက်အား ဝင်ရောက်ပစ်ခတ်ခဲ့မှုလည်း ပါဝင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၂၂ရက်က သရက်-ကံမ PDF များ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့၍ PDF ၁၂ဦး ကျဆုံးပြီး အချို့မှာ ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်၌ လက်နက် ၂၅လက်နှင့် ခဲယမ်းများဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

သတင်း

ပင်းတယတွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန် ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီ ကင်းစခန်းတစ်ခုကိုလည်း ဇွန် ၂၉ရက်တွင်JPGF တိုက်ခိုက်ခဲ့သည်။

သတင်း

ဇူလိုင် ၁၉ ရက်တွင်ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မန္တ​လေး-မုံရွာကားလမ်း​ပေါ်တွင် ပြည်သူ့ကားများဖြတ်သန်းသွားလာခြင်းမပြုရန် အရး​ပေါ်သတိ​ပေးချက်ထုတ်ပြန်ပြီး စစ်​ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဆုံရွာသည် မဘသ အင်အားကောင်းသည့် ရွာတစ်ရွာဖြစ်ပြီး လွန်ခဲ့သည့် တစ်လကျော်က ကွေ့ကြီးရွာစာသင်ကျောင်းတွင် ပျူသင်တန်းဖွင့်ခဲ့ကြောင်း၊ ဆုံရွာသား စံမောင်ဆိုသူက ပျူခေါင်းဆောင်အဖြစ်တာဝန်ယူကာ ၎င်းအား သေနတ်၁၅လက်ချပေးထားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။