Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်အထိနာခဲ့​သောကင်မွန်းခြံရွာတိုက်ပွဲတွင် အိမ်နှင့်အတူမီးရှို့ထား​ခဲ့​သောစစ်သားအ​လောင်း ၂၀ခန့်​တွေ့

“တစ်အိမ်တည်းမှာ ၁၂လောင်းတောင်တွေ့တာ။ မီးရှိူ့ထားတာ အရိုးတွေကျန်ခဲ့တယ်။ နောက်တစ်အိမ်စီပေါ်မှာ တစ်လောင်းစီနဲ့ အလောင်း၂၀လောက်တွေ့တယ်” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကင်မွန်းခြံရွာကို Google Map တွင်​တွေ့ရစဥ်
ကင်မွန်းခြံရွာကို Google Map တွင်​တွေ့ရစဥ်

စစ်​ကောင်စီတပ်ကရွာကိုမီးရှို့သွားစဥ်မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့်အထိနာသွားသည့်ကလေးမြို့ နယ် ကင်မွန်းခြုံရွာရှိနေအိမ်အချို့ ​တွင် အိမ်နှင့်အတူ​ရော၍မီးရှို့ထားသည့် စစ်ကောင်စီတပ်သားရုပ်အလောင်း ၂၀ ခန့် တွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဇူလိုင် ၂၁ ရက်တွင်ကင်းမွန်းခြုံရွာကိုမီးရှို့လာ​သောစစ်​ကောင်စီတပ်မှာမိုင်းခွဲတိုင်ခိုက်ခံရပြီး ၊ ထိုစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ထိုတိုက်ပွဲတွင်စစ်တပ်ဘက်မှ မိုင်းထိ၍ သေဆုံးသူများခဲ့သည်။ ဒေသခံများသည်ယင်းနေ့ကတည်းက ထွက်ပြေးခဲ့ကြရပြီး စစ်ကောင်စီတပ်ဆုတ်ခွာသွားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) ရွာသို့ ပြန်ကြစဥ် အိမ်များနှင့်အတူမီးရှို့ခဲ့​​သောစစ်ကောင်စီရုပ်အလောင်းများကို နေအိမ်အချို့ပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

က​လေးမြို့နယ်နှင့် ကင်မွန်းခြံရွာ(ပင်အပ်အနီ အနီး)ကို​Google Map.တွင်တွ့ရမှု
က​လေးမြို့နယ်နှင့် ကင်မွန်းခြံရွာ(ပင်အပ်အနီ အနီး)ကို​Google Map.တွင်တွ့ရမှု

“တစ်အိမ်တည်းမှာ ၁၂လောင်းတောင်တွေ့တာ။ မီးရှိူ့ထားတာ အရိုးတွေကျန်ခဲ့တယ်။ နောက်တစ်အိမ်စီပေါ်မှာ တစ်လောင်းစီနဲ့ အလောင်း၂၀လောက်တွေ့တယ်” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မီးရှို့ခဲ့သဖြင့် အရိုးစုကျန်ခဲ့​သောစစ်ကောင်စီတပ်သားရုပ်အလောင်းများကို နေအိမ်များပေါ်တွင်တွေ့ရခြင်းသည် ထိန့်လန့်ဖွယ်ဟုဒေသခံတစ်ဦးကလည်းပြောသည်။

“ရေထဲမျော၊ လွှင့်ပစ်ရမှာ။ ဘာသာတရားအရဆို မနေသင့်၊ မနေရဲတော့တဲ့နေရာဖြစ်နေပါပြီ။ အခုတော့ ဒေသခံတွေဟာ ခြံဝိုင်းတွေထဲ တဲထိုးနေကြရပါတယ်” ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

ကင်မွန်းခြုံရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖက်မှ ရဲဘော်တစ်ဦး မိုင်းထိဒဏ်ရာရခဲ့သည်။ အထိနာသွားသည့်စစ်ကောင်စီတပ်သည်ကင်မွန်းခြုံရွာမှ နေအိမ် ၂၀ခန့်ကို မီးရှို့ဖျက်ဆီးသွား၍ ဒေသခံများသည် နေရေးစားရေး အခက်အခဲ ကြုံတွေ့နေသည်။​ဒေသခံပြည်သူများ၏ ​နေအိမ်များကိုမီးရှို့ဖျက်ဆီးစဥ် တိုက်ပွဲတွင်​သေခဲ့​သောအကြမ်းဖက်စစ်သားအ​လောင်းများကိုပါ ပြန်မသယ်ဘဲ အိမ်နှင့်အတူမီးရှို့ခဲ့ခြင်းဖြစ်​ကြောင်း PDFအချို့က​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။

သတင်း

"ဖိုးဝီးနဲ့ ကင်းပတ်လာတဲ့ စစ်ကြောင်းရယ် အဲဒီနားမှာပဲ အင်အား ၇၀ ကျော်နဲ့ ခြေကျင်လာတဲ့ စစ်ကြောင်းရယ်ကို ကျွန်တော်တို့ တစ်ချိန်ထဲမှာ တိုက်ခိုက်တာ။ နေရာကတော့ အဲဒီ အင်းတော် - ဗန်းမောက်လမ်းမှာပဲ။ ပွဲက နှစ်ပွဲပေါ့"ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

အခင်းဖြစ်နေရာသည် ရေဦး - ခင်ဦး လမ်းပိုင်းပေါ်တွင်ရှိပြီး နင်းမိုင်း၊တိုက်မိုင်းများမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းများအား ချောင်းတံတားမှ စစ်ကောင်စိတပ်သား ၃၀ခန့်က လာရောက် ကောက်ယူသွားခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် KSO အဖွဲ့က ပြောသည်။