Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးနီးပါး မီးပျက်နေ

” ည ၁၁ နာရီကျော်လောက်က မီးက ဖြည်းဖြည်းချင်း မီးအားကျပြီး ပြတ်သွား တာပါ။ မပျက်ခင် မီးတွေလည်း နှစ်ခါတောင်လှုပ်သွားသေးတယ်။ အခု တစ်နာရီနီးပါးလောက် ကြာနေပြီ။ ပြန်မလာသေးပါဘူး “ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တော်၍ မှောင်မဲနေစဥ်၊ ဓာတ်ပုံ - CJ
ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တော်၍ မှောင်မဲနေစဥ်၊ ဓာတ်ပုံ - CJ

ယနေ့ (ဇူလိုင် ၂၄) ညပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူး အစရှိသည့် မြို့ကြီးများ အပါအဝင် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးပျက်နေကြောင်း ဒေသခံများမှ တစ်ဆင့် သိရသည်။

” ည ၁၁ နာရီကျော်လောက်က မီးက ဖြည်းဖြည်းချင်း မီးအားကျပြီး ပြတ်သွား တာပါ။ မပျက်ခင် မီးတွေလည်း နှစ်ခါတောင်လှုပ်သွားသေးတယ်။ အခု တစ်နာရီနီးပါးလောက် ကြာနေပြီ။ ပြန်မလာသေးပါဘူး “ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ယနေ့ည ၁၁နာရီ မိနစ် ၂၀တွင် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်း ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်​ပေးနိုင်ရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဟုဆိုကာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ၊ပဲခူး၊ မကွေး၊ မုံရွာ၊ ပြင်ဦးလွင်၊ တောင်ကြီး၊ စစ်ကိုင်း၊ လားရှိုး စသည့် မြို့ကြီးများ အပါအဝင် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်နေကြောင်း သက်ဆိုင်ရာဒေသခံများမှ တစ်ဆင့် သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ပိုက်လိုင်းပြင်လို့ အဆင်ပြေတာနဲ့ CNG အလုံအလောက်ရရင် YBS တွေ အရင်အတိုင်းပြန်ထွက်နိုင်မယ်လို့ YBS ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောထားပါတယ်။

သတင်း

ယခင်က စစ်ကားသုံးလေးစီးခန့်နှင့် သဲအိတ်အကာအရံများကြား၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချိန်ပြည့်ရှိနေသော်လည်း ယနေ့တွင် မတွေ့ရပေ။

သတင်း

CNG ပိုက်လိုင်းပေါက်သောကြောင့် ယာဥ်များ CNG လုံလုံလောက်လောက် မရ၍ အစီးရေအပြည့် မပြေးဆွဲနိုင်ခြင်းဖြစ်ကြောင်း ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ပေါက်ကွဲမှုဖြစ်ချိန်မှာ လမ်းသွားလမ်းလာ သံဃာတစ်ပါးလည်း ထိခိုက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့သိရပါတယ်။