Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲဝင်ရောက် ပစ်ခတ်မီးရှို့

ယမန်နေ့ (ဇူလိုင်လ၂၄)နေ့က မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာတွင်လည်း စစ်ကြောင်းတစ်ခုက ဝင်ရောက်မွှေနှောက်ကာ အိမ်များကို ဖျက်​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသော ဓမ္မသာရကျေးရွာက ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသော ဓမ္မသာရကျေးရွာက ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

▪️ဒေသခံပြည်သူအချို့လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ကျေးရွာများအား အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံပြည်သူအချို့လည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၃ ရက်က မြိုင်နယ် အနောက်​မြောက်ပိုင်းအား စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးလာခဲ့ပြီးကျောက်ကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် သီတင်းပင်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်၍ ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ၂၄)နေ့က မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာတွင်လည်း စစ်ကြောင်းတစ်ခုက ဝင်ရောက်မွှေနှောက်ကာ အိမ်များကို ဖျက်​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုဂျင်မီ၊ကိုဇေယျာသော် တို့အပါအဝင် ၄ ဦးကိုသေဒဏ်ပေးလိုက်ပေမယ့် မြန်မာနိုင်ငံအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်နဲ့အတူ နွေဦးတော်လှန်ရေးအတွက် အနာဂတ်သူရဲကောင်းတွေ ထပ်မံမွေးဖွားလာဦးမှာကို အပြည့်အဝယုံကြည်ကြောင်း ULA က ဆိုထားပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းခံခဲ့ရသည့်ဖြစ်စဥ်တွင် ဒေသခံအမျိုးသားနှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က ဇူလိုင်၂၂ ရက် နေ့လည် ၂နာရီမိနစ်၄၀ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသက် ၃၇ နှစ်ခန့်အရွယ် ကိုဇော်လင်းဆိုသူအား မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် သုံးလုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊...

သတင်း

အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းသည် တရားမဝင်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဥပဒေမဲ့စွာဖြင့် တရားစီရင်ရေးကို စိတ်ထင်ရာ တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

သတင်း

ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People's Spring ကသီးခြားအတည်မပြုနိုင်ပါ။