Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက် – အင်းတော်လမ်းနှင့် ဗန်းမောက်မြို့နယ်အတွင်းလမ်းများ ယနေ့မှစ၍ ညပိုင်း အသုံးမပြုရန် မြို့နယ်(ပကဖ)ကြေညာ

ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များ မည်သည့် ယာဉ်များမဆို ရပ်ဝေး၊ရပ်နီး ခရီးသွားလာပါက ကားမှန်တင်၍ သော်လည်းကောင်း၊ မိုးကားများ အုပ်၍ သော်လည်းကောင်း မောင်းနှင်ဖြတ်သန်း ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိသည့် ခရီးသွားယာဉ်များ ထိခိုက်ပျက်စီးမှုများရှိပါက တာဝန်ယူမ ည်မဟုတ်ကြောင်း အသိပေးထားသည်။

ဗန်းမောက် - အင်းတော်လမ်းနှင့် ဗန်းမောက်မြို့နယ်အတွင်းလမ်းများ ယနေ့မှစ၍ ညပိုင်း အသုံးမပြုရန် မြို့နယ်(ပကဖ)ကြေညာ
ဗန်းမောက် - အင်းတော်လမ်းနှင့် ဗန်းမောက်မြို့နယ်အတွင်းလမ်းများ ယနေ့မှစ၍ ညပိုင်း အသုံးမပြုရန် မြို့နယ်(ပကဖ)ကြေညာ

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရေးအခြေအနေ များကြောင့် ဗန်းမောက် – အင်းတော်လမ်းနှင့် ဗန်းမောက်မြို့နယ်အတွင်း လမ်းများကို ယနေ့ဇူလိုင် ၂၅ရက်မှစ၍ ညပိုင်း လုံး၀ အသုံးမပြုရန် ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

မည်သည့်ယာဥ်များမဆို ည ၇နာရီမှ နံနက် ၅နာရီ အတွင်း အသုံးမပြုရန် ကြေညာထားသည်။

ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များ မည်သည့် ယာဉ်များမဆို ရပ်ဝေး၊ရပ်နီး ခရီးသွားလာပါက ကားမှန်တင်၍ သော်လည်းကောင်း၊ မိုးကားများ အုပ်၍ သော်လည်းကောင်း မောင်းနှင်ဖြတ်သန်း ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိသည့် ခရီးသွားယာဉ်များ ထိခိုက်ပျက်စီးမှုများရှိပါက တာဝန်ယူမ ည်မဟုတ်ကြောင်း အသိပေးထားသည်။

အရေးပေါ် ကျန်းမာရေး အခြေအနေ ကြောင့် ကန့်သတ်ချိန်အတွင်း ဗန်းမောက် – အင်းတော် လမ်းပိုင်းနှင့် ဗန်းမောက်မြို့နယ်အတွင်း လမ်းများကို အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာ နယ်မြေ ဒေသခံ အဖွဲ့များသို့ ဆက်သွယ်ပြီး ထောက်ခံချက်ရမှသာ သွားလာကြရန်နှင့် ယခု ထုတ်ပြန်ချက် အား ရက်အကန့် အသတ်မရှိ လိုကနာပေးရန်ဗန်းမောက် (ပကဖ)က ထုတ်ပြန်ကြေညာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ တိုက်ခိုက်မှုများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။ စစ်ကောင်စီ သတင်း ပေးဖြစ်သူ အောင်ညွန့်မှာမူ လွတ်မြောက်သွားသည်ဟု ဆိုသည်။

သတင်း

ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲ​ကြောင့်နှင့် လုံခြုံ​ရေးအ​ခြေအ​နေတို့​ကြောင့်ယ​​နေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

ဗန်းမောက်တောင်ပိုင်းတွင် ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်က စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

ဒေသတွင်း၌ စစ်ကောင်စီတပ်များ ဆက်ရှိနေ၍ ပြည်သူ လူထုများ သွားလာရာတွင် သတိဝိရိယထားပြီး ဂရုစိုက်သွားလာကြရန် အသိပေးထားသည်။