Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်း၌ တိုက်ပွဲထပ်ဖြစ်၊ စစ်ကောင်စီတပ် နှစ်ဦးထက်မနည်းဒဏ်ရာရ၍ ဆုတ်ခွာသွားဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

အဆိုပါ မြ၀တီ – ဝေါ်လေလမ်း၌ ဇူလိုင်လအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

မြ၀တီ - ဝေါ်လေလမ်း၌ တိုက်ပွဲထပ်ဖြစ်၊ စစ်ကောင်စီတပ် နှစ်ဦးထက်မနည်းဒဏ်ရာရ၍ ဆုတ်ခွာသွားဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်
မြ၀တီ - ဝေါ်လေလမ်း၌ တိုက်ပွဲထပ်ဖြစ်၊ စစ်ကောင်စီတပ် နှစ်ဦးထက်မနည်းဒဏ်ရာရ၍ ဆုတ်ခွာသွားဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

ကရင်ပြည်နယ် မြ၀တီ – ဝေါ်လေလမ်း၌ ယမန်နေ့ကတိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရကာ ဆုတ်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၄ရက် ညနေပိုင်းက အလစ်အငိုက် ကျူးကျော်ရန် ကြိုးစားလာသည့် စစ်ကောင်စီတပ်နှင့် ကော်ဘရာ စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် ကော်ဘရာ စစ်ကြောင်း၏ ဒရုန်းတပ်ဖွဲ့နှင့်အတူ Golden Eagle ဒရုန်းတပ်ဖွဲ့လည်း အဓိက ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦးနှင့်အထက် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြထားပြီး ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

အဆိုပါ မြ၀တီ – ဝေါ်လေလမ်း၌ ဇူလိုင်လအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။

သတင်း

ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံ သံရုံးကလည်း ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ရှုတ်ချခဲ့တဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

သတင်း

ယခု အဖြစ်အပျက် နှင့်ပတ်သက်၍ မြန်မာပြည်သူလူထု တစ်ရပ်လုံးမှ ဒေါသကြီးစွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများအပေါ်ကိုလည်း အထူးစိုးရိမ်ကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်းတောင်းဆိုထားပါတယ်။