Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ ကွပ်မျက်မှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ

ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံ သံရုံးကလည်း ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ရှုတ်ချခဲ့တဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ ကွပ်မျက်မှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ
ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ ကွပ်မျက်မှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ အပါအဝင် ၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့ ကိစ္စအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ရှုတ်ချကြောင်း ကြေညာချက်တွေ ထုတ်ပြန်လာကြပါတယ်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ် စီရင်လိုက်ပြီလို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေက ဇူလိုင် ၂၅ ရက်မှာ ဖော်ပြခဲ့ကြပါတယ်။ သူတို့ ၄ ယောက်ကို ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးရမိခဲ့တဲ့နောက် ဇန်နဝါရီလမှာ သေဒဏ် စီရင်ချက် ချခဲ့ပြီး အခုတော့ စစ်ကောင်စီက ကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဆယ်စုနှစ်တွေအတွင်း သေဒဏ်ကျခံ ထားရသူတွေကို ပထမဆုံးအကြိမ် လက်တွေ့ ကွပ်မျက်ခြင်းလည်း ဖြစ်ပါတယ်။ အရင်ကတော့ သေဒဏ်ချမှတ် ခံရတဲ့အခါ ထောင်ဒဏ် တစ်သက်အဖြစ် ပြစ်ဒဏ် ပြောင်းလဲသွားလေ့ ရှိပါတယ်။

မြန်မာ့အရေး စောင့်ကြည့် လေ့လာနေတဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံရေး သုတေသီ နှစ်ဦးက ဒီလုပ်ရပ်ဟာ စစ်ကောင်စီ အနေနဲ့ ပြည်သူလူထုကို အကြောက်တရား ဝင်လာအောင် ခြိမ်းခြောက်တာမျိုး ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ Burma Campaign UKက ကွပ်မျက်မှု သတင်းကြောင့် အလေးအနက် တုန်လှုပ် ဝမ်းနည်းမိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Burma Campaign UKရဲ့ Senior Advocacy Officer တစ်ဦးဖြစ်တဲ့ မဝေနှင်းပွင့်သုန်က သူ့ဘဝ တလျှောက်လုံး ကိုဂျင်မီကို သိကျွမ်းခဲ့ပြီး လေးစားထိုက်တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း၊ ကိုဂျင်မီဟာ မြန်မာ ပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့သူဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အာဝင်ဗန်ဒါဘော့ဂ်က ဒီကွပ်မျက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ် ရက်ရက်စက်စက် ချိုးဖောက်တာ ခံနေရကြောင်း မြင်သာစေတဲ့ နောက်ထပ် ဥပမာ တစ်ခုဖြစ်ကြောင်း၊ စွပ်စွဲ ခံရသူ ၄ ဦးဟာ လုံခြုံရေး မတန်တဆ တင်းကျပ်ပြီး လျှို့ဝှက်ထားတဲ့ စစ်ခုံရုံးမှာ မမျှမတ စစ်ဆေးပြီး စီရင်ချက် ချမှတ် ခံခဲ့ရတာဖြစ်ကြောင်း၊ စစ်ကောင်စီက သေဒဏ် ချမှတ်ထားသူ ၁၀၀ ကျော်လောက် ရှိတယ်လို့ ယုံကြည်ရပြီး နောက်ထပ် မမျှမတ စီရင်မှုတွေ ထပ်ဖြစ်မလာအောင် နိုင်ငံတကာ အသိုက်အဝန်းက ချက်ချင်း အရေးယူ တုံ့ပြန်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က အခု သေဒဏ် စီရင်မှုကြောင့် အကြီးအကျယ် တုန်လှုပ်ကြေကွဲမိကြောင်း ဆိုပါတယ်။ သေဒဏ် စီရင် ခံရသူတွေဟာ အယူခံခွင့်နဲ့ ဥပဒေရေးရာ အကြံယူခွင့်တွေ ဘာမှ မရှိဘဲ စစ်ခုံရုံး တစ်ခုမှာ မမျှမတ စီရင်ချက် ချမှတ်ခံခဲ့ရပြီး ဒီကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ချိုးဖောက်တာ ဖြစ်ကြောင်း သူက စွပ်စွဲပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ ဒါရိုက်တာ အီလိန်း ပီယာဆန်က သေဒဏ် စီရင်မှုတွေဟာ နိုင်ငံရေး အာဃာတတွေ ရောယှက်ပြီး မမျှမတ စစ်ဆေးခဲ့တဲ့ စစ်ခုံရုံး စီရင်ချက်ကို အကောင်အထည်ဖော်တဲ့ အကြွင်းမဲ့ ကြမ်းကြုတ် ရက်စက်မှု တစ်ခုလို့ ပြောကြားသွားပါတယ်။

ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံ သံရုံးကလည်း ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ရှုတ်ချခဲ့တဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

မိသားစုဝင်တွေက ထောင်အာဏာပိုင်တွေကို ရုပ်အလောင်းတောင်းတဲ့အခါ ရုပ်အလောင်းထုတ်ပေးဖို့ ဥပဒေမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဗီဒီယို

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်လအနည်းငယ်အကြာကစပြီး မြို့တော်ခန်းမရှေ့က လမ်းကို ဖြတ်သန်းခွင့်မပေးတော့သည်အထိ လုံခြုံရေးတင်းကြပ်ခဲ့တာပါ။

သတင်း

ယခု အဖြစ်အပျက် နှင့်ပတ်သက်၍ မြန်မာပြည်သူလူထု တစ်ရပ်လုံးမှ ဒေါသကြီးစွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများအပေါ်ကိုလည်း အထူးစိုးရိမ်ကြောင်း ထုတ်ပြန်သည်။