Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ခွန်အားအဖြစ်ပြောင်း စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ်ရှင်သန်ခွင့်မရစေရ”ဟု ဦးဂျင်မီ၏ဇနီး သတင်းစကားပါး

မနီလာသိန်းက ၎င်းအနေဖြင့် ဦးဂျင်မီ၏ ရုပ်အလောင်း မတွေ့မချင်း ဆွမ်းသွပ် လုပ်မည် မဟုတ်ကြောင်း၊ အမျှဝေမည်မဟုတ်ကြောင်း၊ နာရေးလုပ်မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

“ခွန်အားအဖြစ်ပြောင်း စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ်ရှင်သန်ခွင့်မရစေရ”ဟု ဦးဂျင်မီ၏ဇနီး သတင်းစကားပါး
“ခွန်အားအဖြစ်ပြောင်း စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ်ရှင်သန်ခွင့်မရစေရ”ဟု ဦးဂျင်မီ၏ဇနီး သတင်းစကားပါး

ဦးဂျင်မီ၏ ရုပ်အလောင်းကို မတွေ့မချင်း ဆွမ်းမသွပ်၊ အမျှမဝေ၊ နာရေးမလုပ် ဟု အသိပေး

စစ်အာဏာရှင်မှန်သမျှ ရှင်သန်ခွင့်မရစေရေး အားလုံး ပိုမိုစည်းလုံးပြီး အလုပ်များတိုး၍ လုပ်ဆောင်ကြမည်ဟု ဦးဂျင်မီ၏ ဇနီးဖြစ်သူ မနီလာသိန်းက သတင်းစကားပါးလိုက်သည်။

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးအား သေဒဏ်ပြစ်ဒဏ် စီရင်ပြီးစီးကြောင်း စစ်ကောင်စီက ကြေညာခဲ့သည့် ယနေ့ ဇူလိုင် ၂၅ရက် နေ့လည်ပိုင်းတွင် မနီလာသိန်းက ၎င်း၏ Facebook မှတစ်ဆင့် အထက်ပါအတိုင်းသတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

“ကျမတို့ အားလုံး ပိုချစ်ခင်မယ်။ ရန်ငါရှင်းပြတ်ပြတ် အလုပ်တွေ ဆတိုး လုပ်ကြမယ်။ ကြယ်တွေ ကြွေတာ ရှင်သူတွေ ရပ်တန့်ဖို့ မဟုတ် ရှုံးနိမ့်ဖို့မဟုတ် ….. ခွန်အားအဖြစ်ပြောင်း စစ်အာဏာရှင် မှန်သမျှ ဒီမြေပေါ် ရှင်သန်ခွင့်မရစေရ” ဟု မနီလာသိန်းက ရေးသားခဲ့သည်။

ထို့ပြင် မနီလာသိန်းက ၎င်းအနေဖြင့် ဦးဂျင်မီ၏ ရုပ်အလောင်း မတွေ့မချင်း ဆွမ်းသွပ် လုပ်မည် မဟုတ်ကြောင်း၊ အမျှဝေမည်မဟုတ်ကြောင်း၊ နာရေးလုပ်မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

အားလုံးရဲရင့်ကြရန် ပြတ်သားကြရန်နှင့် သန်မာကြရန်လည်း မနီလာသိန်းက ရေးသားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိသားစုဝင်တွေက ထောင်အာဏာပိုင်တွေကို ရုပ်အလောင်းတောင်းတဲ့အခါ ရုပ်အလောင်းထုတ်ပေးဖို့ ဥပဒေမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုအားဖြင့် လက်ရှိအခြေအနေအထိရောက်ရှိလာပြီဖြစ်၍ အဆုံးအထိ အောင်မြင်အောင်လုပ်ဆောင်ရန်သာ လိုအပ်တော့ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။

သတင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်(၇)ရက်ကစတင်ပြီး ဇူလိုင်(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

သတင်း

ယင်းလှုပ်ရှားမှုကို လူငယ်များသမဂ္ဂ (Youths Union)၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစု၊ ပညာနန်းတော် ကိုယ်ပိုင်ကျောင်းကျောင်းသားများ သမဂ္ဂ၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတို့ မှ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။