Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ဆမ်ဆစ်​တောင်​ခြေအနီးKIAနှင့် စစ်​ကောင်စီတပ်တိုက်ပွဲဖြစ်

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။

(စစ်တပ်လက်နက်ကြီးကျည်ထိ၍ ဒဏ်ရာအပြင်းအထန်ရရှိ​သောက​လေးငယ်။ ဓါတ်ပုံ-CJ)
(စစ်တပ်လက်နက်ကြီးကျည်ထိ၍ ဒဏ်ရာအပြင်းအထန်ရရှိ​သောက​လေးငယ်။ ဓါတ်ပုံ-CJ)

●စစ်တပ်ကပစ်​သော လက်နက်ကြီးကျည်ထိ၍ ၃ နှစ်အရွယ်က​လေးငယ်အပြင်းအထန်ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ်တောင်ခြေအနီးဝန်းကျင်တွင်ကေအိုင်အေနှင့် စစ်ကောင်စီတပ် ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား​ခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

လွိုင်ဆမ်ဆစ်တောင်ခြေအနီးတွင် ယနေ့(ဇူလိုင် ၂၅ရက်) နံနက် ငါးနာရီခန့်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၃၉) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေခြင်းဟုဒေသခံများကပြောသည်။ တိုက်ပွဲတွင် နှစ်ဖက်ထိ့ခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူမသိရ​သေး​ပေ။

“စစ်ကောင်စီ အမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေတာ။ မန်နောင်ဒေသခံတွေလည်း ပြေးနေရပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီဘက်က ပစ်သော လက်နက်ကြီးကျည်သည်မန်နောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာအသက်၃နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရသွားခဲ့ကြောင်းလည်းဒေသခံများကပြောသည်။

“ကလေးငယ်တစ်ယောက် ကျည်ထိသွားတယ်။ဒဏ်ရာပြင်းတယ်။ ပြောရရင် အခြေအနေမကောင်းဘူးလို့ပဲပြောပါရစေ”ဟု မန်နောင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

ဒဏ်ရာရ ကလေးငယ်သည် အသက်သုံးနှစ်အရွယ်တအာင်းတိုင်းရင်းသားကလေးငယ်တစ်ဦးဖြစ်သည်။အရေးပေါ်အခြေအနေဖြင့် ဆေးကုသပေးနေရဆဲဖြစ်သည်။

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

နိုင်ငံတော်အာဏာကို မတရားလုယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် မကြာမီ ပြုတ်ကျတော့မည့် စစ်အာဏာရူးတစ်သိုက်၏ သေမထူး နေမထူး လုပ်ရပ်ဖြစ်ပြီး ပြည်သူအား လက်နက်အားကိုးဖြင့် အကြောက်တရား ထပ်မံရိုက်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ မြ၀တီ-ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့တောင်ကြောပေါ်မှာ မနေ့က စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ ကော်ဘရာက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

အဆိုပါ မြ၀တီ - ဝေါ်လေလမ်း၌ ဇူလိုင်လအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။