Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီမြို့ လေမျိုချောင်းတံတားအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ငါးဦးသေ၊ လေးဦး ဒဏ်ရာရဟု CDF ထုတ်ပြန်

“စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - Chinland Defense Force - Matupi
ဓာတ်ပုံ - Chinland Defense Force - Matupi

ချင်းပြည်နယ် မတူပီမြို့ လေမျိုချောင်းတံ တားအနီးတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ငါးဦးသေ ဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့စည်ဟု CDF(မတူပီ)က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲသည် ယနေ့(ဇူလှိုင် ၂၅ ရက်) နံနက် ၁၁နာရီခန့်တွင် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး CDF(မတူပီ)ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ဖော်ပြသည်။

CDF(မတူပီ) လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သေး သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အတူ စစ်ကောင်စီတပ်နှင့် ရဲန်ခဲန်းကျေးရွာ- အမ်းလိုင်းကျေးရွာကြားတွင် လည်း ယမန့်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့သည်ဟု CDF(မတူပီ)က ထုတ်ပြန်သည်။

“စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း မတူပီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ရေးအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

မတူပီမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ချင်းပြည်ကာကွယ်ရေးတပ်တို့ကြား ဇူလိုင် ၆ ရက်ကတ ည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နိုင်ငံတော်အာဏာကို မတရားလုယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် မကြာမီ ပြုတ်ကျတော့မည့် စစ်အာဏာရူးတစ်သိုက်၏ သေမထူး နေမထူး လုပ်ရပ်ဖြစ်ပြီး ပြည်သူအား လက်နက်အားကိုးဖြင့် အကြောက်တရား ထပ်မံရိုက်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

မိသားစုဝင်တွေက ထောင်အာဏာပိုင်တွေကို ရုပ်အလောင်းတောင်းတဲ့အခါ ရုပ်အလောင်းထုတ်ပေးဖို့ ဥပဒေမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဗီဒီယို

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်လအနည်းငယ်အကြာကစပြီး မြို့တော်ခန်းမရှေ့က လမ်းကို ဖြတ်သန်းခွင့်မပေးတော့သည်အထိ လုံခြုံရေးတင်းကြပ်ခဲ့တာပါ။

သတင်း

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။