Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများအား ထိရောက်စွာအားပေးကူညီပံ့ပိုးရေး နိုင်ငံတကာကို CRPH တိုက်တွန်း

ထို့အပြင် လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူဆောင်ရွက်နိုင်ရေး မြန်မာပြည်သူလူထုနှင့် အတူ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြသည်။

CRPH
CRPH

အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူ ဆောင်ရွက်နိုင် ရေး ဆက်လက်ကြိုးပမ်းမည်ဟုဆို

ဒီမိုကရေစီထိန်းသိမ်းကာကွယ်ရန် စစ်အာဏာရှင်များကို ဆန့်ကျင်တိုက်ပွဲဝင် နေကြသည့် မြန်မာပြည်သူများအား ထိရောက်စွာ အားပေးကူညီပံ့ပိုးရေး နိုင်ငံတကာအသိုက်အဝန်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က တိုက်တွန်းလိုက်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အပေါ် အကြမ်းဖက် စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချပြီး ၎င်းတို့၏ မိသားစုဝင်များ၊ မြန်မာပြည်သူလူထုတို့နှင့်အတူ များစွာ ဝမ်းနည်းကြေကွဲရကြောင်း CRPH က ယနေ့ထုတ်ပြန်သည်။

CRPH
CRPH

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဥပဒေမဲ့ အာဏာလုယူထားသည့် အကြမ်းဖက်လူသတ် စစ်အုပ်စုအား သက်ဆိုးရှည်စေမည့် မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးမျှ လက်တွဲလုပ်ဆောင် ခြင်းမပြုဘဲ ပိုမိုထိရောက်သော သံတမန်ရေး၊ စီးပွားရေး ဖိအားပေးမှုတို့ကို တိုးမြှင့်လုပ်ဆောင်သွား ရန် တိုက်တွန်းသည်။

နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်ဆောင်ရွက်ချက်တို့သည် မြန်မာပြည်သူ တို့၏ အသက်ပေါင်း များစွာကို ကယ်တင်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းသည် ကမ္ဘာ့ နိုင်ငံများက ဒီမိုကရေစီအား မည်မျှ တန်ဖိုးထားသည်ကိုလည်း သက်သေပြခြင်းပင်ဖြစ်သည်ဟု CRPH က ဖော်ပြသည်။

ထို့အပြင် လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူဆောင်ရွက်နိုင်ရေး မြန်မာပြည်သူလူထုနှင့် အတူ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အုပ်စု တာဝန်ရှိသူများအနေဖြင့် သေဒဏ်ပေးခဲ့သည့် နေ့ရက်၊ အချိန်အတိအကျနှင့် အခုလက်ရှိ ရုပ်အလောင်းကို မည့်သည့်နေရာမှာထားရှိသည်ကို အတည်ပြု ထုတ်ပြန်ရမည်ဟု AAPP က တိုက်တွန်းသည်။

သတင်း

ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံ သံရုံးကလည်း ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ရှုတ်ချခဲ့တဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

သတင်း

ယခု အဖြစ်အပျက် နှင့်ပတ်သက်၍ မြန်မာပြည်သူလူထု တစ်ရပ်လုံးမှ ဒေါသကြီးစွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများအပေါ်ကိုလည်း အထူးစိုးရိမ်ကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်းတောင်းဆိုထားပါတယ်။